ရန်ကုန်၊
နိုဝင်ဘာ ၂၄--- KEC အသင်းတော်၏ အစည်းအဝေးကို လာမည့် တနင်္လာနေ့တွင် ၃ရက်သာစတင် ပြုလုပ်မည်ဟု
သိရှိရသည်။ ပလက်ဝနယ်မှလာရောက်သူ အမှုတော်ဆောင်များ (၁၇)ပါးရောက်ရှိခဲ့ပြီးဖြစ်သည်။
“KEC
ကို၂၀၀၃ ခုနှစ် မေလ ၃၀ ကစတင်တာပါ။ ဘာလို့ဒီနာမည်ပေးသလဲဆိုရင် ၁) ခူမီးလူမျိုးတွေဟာ
သူများသာသနာပြုအောက်မှာ သာသနာအပြုခံ လူတန်းစားမဖြစ်စေချင်တော့ဘူး။ KEC မှာ
ကိုယ်ကျိုးစွန့် အမှုတော်ဆောင် ၄၃ ပါးရှိတယ်။ Rev. ၄ ပါး၊ Pro Pastor ၄ ပါး၊ Decon
၎ပါးပါ။ အသင်းသားတွေက ၇၅၀ ဦးရှိပါတယ်။ ရန်ကုန်မှာ ၅၀ ဦး၊ ကျန်တာက ပလက်ဝနယ်မှာပါ။
”
ဟု အင်တာဗျူးတွင် Rev. Dr. Hawi Hau မှာ ပြောသည်။
နယ်မှလာသော
အမှုတော်ဆောင်များအတွက် ၃ရက်တာအစည်းအဝေးပြီးဆုံးပါက ရန်ကုန်မြို့တော်ကြီးအား
သွားရောက်လည်ပတ်မည်ဖြစ်သည်။
KEC
သည် ကိုယ်ထုကိုယ်ထရပ်တည်သောအသင်းတော်တစ်ပါးဖြစ်ပြီး ခူမီးလူမျိုးနှင့်ဒေသအတွက်
ဝန်တာစိတ်ထားသော ညီအစ်ကိုများ၏ ဆယ်ဖိုးတစ်ဖိုးဖြင့်ယနေ့ထိတိုင် ရပ်တည်နေရခြင်း ဖြစ်ကြောင်းသိရှိရသည်။
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။