ရန်ကုန်၊
နိုဝင်ဘာ၂၄---ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင်နေထိုင်သော
ခူမီးအမျိုးသား ခရစ်ယာန် သင်းအုပ်ဆရာ Rev. တိုးမြိုင်သည် သြစတြေးလျနိုင်ငံရှိ
Pines School ကျောင်းသားဟောင်းမှကြီးမှူးကျင်းပလေ့ရှိသော Conference ကို တစ်ပတ်တာ
တက်ရောက်ရန် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ ပီနန်သို့ နိုဝင်ဘာလ ၂၁ နေ့
မနက်ပိုင်းတွင်ထွက်ခွါသွားခဲ့ပါသည်။
၎င်း Conference ကို နိုဝင်ဘာလ ၂၇
အထိတက်ရောက်မည်ဖြစ်ပြီး၂၈-၂၉ အထိ မလေးရှားနိုင်ငံ ကွာလာ လမ်ပူတွင်
ခူမီးလူမျိုးများအတွက် ဓမ္မရက်တိုသင်တန်း ၂ ရက်တာ ပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့်
မလေးရှားနိုင်ငံတွင်ရှိသော
ခူမီးကွန်မြူနီတီ ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံဖြစ်ဖြစ်ကြောင်း
သတင်းရရှိသည်။
ဆရာတော်သည်
ခရစ်တော်၏အောင်မြင်သော အသင်းတော် နှင့် Doulos Childcare Centre သာသနာတို့ကို
ဦးစီးလုပ်ဆောင်လျှက်ရှိသည်။ ဆရာတော်တွင် သမီး ၂ ယောက်ရှိပြီး၊ ဂေဟာတွင် ကလေး ၂၅
ယောက်ရှိကြောင်းလည်းသိရှိရသည်။ထိုထက်မက ၀ိညာဉ်သားသမီးမြှောက်များစွာကို
မွေးထုတ်ပေးနေလျှက်ရှိသည်။
ခူမီးလူမျိုးများထဲမှ
ယခုကဲ့သို့အနစ်နာခံ ကြိုးစားအောင်မြင်သူများကို မြင်တွေ့ရခြင်းသည်
ပီတိဖြစ်စရာပင်ဖြစ်သည်။
+ မှတ်ချက် + 1 မှတ်ချက်
Rev. Toe Myaint i kalop sa nai ra tleri Tameuh my amtheung hai jojo sy nanai chiu kan sa pi zo.
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။