ပြည်ထောင်စုဝန်ကြီးများ ပလက်ဝသို့ရောက်ရှိကာ လူထုအရေးကိစ္စများဆွေးနွေး

Sunday, October 28, 20120 မှတ်ချက်



ပလက်ဝ၊ အောက်တိုဘာ ၂၉--- ကာကွယ်ေ၇းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့်နယ်စပ်ရေးရာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
သိန်ဌေး တို့နှင့်အတူရခိုင်ဝန်ကြီးချုပ် ဦးလှမောင်တင်ပါဝင်သောဝန်ကြီး အဖွဲ့သည် ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် ဟေလီကော်တာဖြင့် ပလက်ဝမြို့ အရှေ့ဘက်ကမ်း ၊မြို့သစ်ရပ်ကွက်ရှိ အမှတ်(၂၈၉) ခြေလျင်တပ်ရင်းအတွင်းရှိ
တောင်းကုန်းပေါ်တွင် ဆင်းသက်ရပ်နားခဲ့သည်။ အမှတ် ၂၈၉ ခြေလျင်တပ်ရင်းမှ တစ်ဆင့် ၀န်ကြီးများအဖွဲ့သည် စက်လှေဖြင့် ပလက်ဝမြို့ဘက်သို့ ကူးတက်လာကာ ပလက်ဝမြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ရပ်မိရပ်ဖများနှင့် နံနက် (၁၀း၃၀) နာရီတွင် ကီမိုခန်းမတွင် တွေ့ဆုံခဲ့သည်ဟုသိရှိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ၀န်ကြီးက ပထမဦးဆုံး မိန့်ကြားသွားသည်မှာ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ထဲတွင် လုံးဝမပါကြောင်း၊ နောက်နောင်လည်း ရခိုင်ပြည်နယ်ထဲတွင် ပါဝင်မည်မဟုတ်ကြောင်း မိန့်ကြားသွားပါသည်။ ပလက်ဝမြို့နယ်၏ ရာသီဥတု၊ သဘာဝအခြေအနေတို့လည်း ချင်းပြည်နယ်နှင့် လုံးဝ နီးစပ်ကြောင်း ။ ထို့ကြောင့်
ပလက်ဝမြို့နယ်သည် နောက်နောင်လည်း ချင်းပြည်နယ်တွင် ပါဝင်သော မြို့တစ်မြို့ဖြစ်ကြောင်း မိန့်ကြားသွားပါသည်။

ထို့နောက် ပလက်ဝမြို့နယ်ပညာရေးမှုး(လက်ထောက်ညွန်ကြားရေးမှူး) ဆရာမကြီးဒေါ်ဆာဆုမှ နယ်စပ်ဒေသဖွံ့ဖြိုးေ၇း အနာဂါတ် ဒေသလူငယ်များတိုးတတ်ရေးအတွက် (န၊တ၊လ)ကျောင်း  ဆောင်ရွက်ပေးနိုင်ရေးတင်ပြရာ လာမည့် ၂၀၁၃ ခုနှစ်တွင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကြားသိရပါသည်။

၎င်းအပြင် ပလက်ဝမြို့ပေါ်ရေပေးဝေမှုကို ၀န်ကြီးက မေးမြန်းခဲ့ပြိး နယ်စပ်ဒေသ၀န်ကြီးဌာနမှ ပလက်ဝမြို့ပေါ်ရေပေးဝေရေးအတွက် ကျပ်သိန်း(၁၇၀) ပေးထားခဲ့ပြီဖြစ်ကြောင်း၊ ၄င်းငွေဖြင့် ပလက်ဝမြို့တွင် ဆင်းရဲ၊ ချမ်းသာမရွေး ရေကို (၂၄)နာရီအပြည့်အ၀ ရရှိရေး လုပ်ဆောင်ပေးရန် စည်ပင်ကို တာဝန်ပေးထားကြောင်း မိန့်ကြားသွားပါသည်။
၎င်းရေပေးဝေရေးကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝစည်ပင်က ပလက်ဝမြို့ပေါ်ရှိ ပြည်သူလူထုကို ရှင်းပြသမှုပါသလား ဆိုတာကို ၀န်ကြီးက မေးမြန်းခဲ့ရာ၊ ဦးကံလုံး(လယ်ပြ/ငြိမ်းက) ပလက်ဝစည်ပင်အနေဖြင့် တစ်ခါမှ ရှင်းပြမှု မရှိကြောင်း ဖြေကြားသွားပါသည်။

လျှပ်စစ်မီးကိစ္စနှင့်ပတ်သက်ပြီ ရွာမရပ်ကွက်မှ လူကြီးတစ်ဦးက မေးမြန်းရာ ၀န်ကြီးက နောက်ထပ်တစ်နာရီ အပို ပေးမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။

ပလက်ဝမြို့၊ ရိက္ခရပ်ကွက်၊ အုပ်ချုပ်ရေးမှူးမှ ကမ္ဘာ့ဆင်းရဲ့နွမ်းပါးမှုပပျောက်ရေး ကိစ္စနှင့် ပတ်သက်ပြီး နယ်ကျေးရွာတွေကို ထောက်ပံ့မှုပေးပြီး ၊ ပလက်ဝမြို့ပေါ်ရှိ ဆင်းရဲ့နွမ်းပါးသူတွေကို ဘာကြောင့် မပေးသလဲ ဟု မေးမြန်းခဲ့ရာ၊ ၀န်ကြီးတို့အဖွဲ့က ပြန်လည်ဖြေကြားမှု မပေးခဲ့ကြောင်း သိရပါသည်။

ဆက်လက်၍ ၀န်ကြီးမှ ပလက်ဝမြို့သည် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလာ့ဒေရှ့် (၃)နိုင်ငံဆုံသော နယ်စပ်မြို့တစ်မြို့ဖြစ်လာမည် ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာသဘောင်္ဆိပ်သည် စစ်တွေတွင် ရှိမည်ဖြစ်သောကြောင့် ပလက်ဝဒေသရှိ ထွက်ကုန်များသည် နိုင်ငံခြားသို့  တိုက်ရိုက်ရောင်းထုတ်နိုင်သော ဒေသဖြစ်မည် စသည်ဖြင့် မိန့်ကြားသွားပါသည်။ ပလက်ဝမြို့ ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူလူထုအပေါ်တွင် မူတည်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးသည် အင်မတန်အရေးကြီးပါကြောင်း ပြောကြားသွားပါသည်။

ပလက်ဝ-မတူပီကားလမ်းကိုလည်း  ဖေါက်လုပ်ပေးမည်ဖြစ်ကြောင်း မိန့်ကြားသွားပါသည်။

ဝန်ကြီးနှင့် အဖွဲ့သည် ပလက်ဝ ၂၈၉ တပ်ရင်းတွင် နံနက်စာသုံးဆောင်ပြီး ပလက်ဝနယ်စပ်ရွာဖြစ်သော မြိတ်ဝ ရွာသို့ နေ့လယ်(၁၂)နာရီတွင်ထွက်ခွါသွားပါသည်။

ခူတေဇ + အိုက်တင်း

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger