ဖခင်အားဓါးဖြင့်ထိုးသတ်သူ ဖက်ချောင်းဝရွာသား ရဲစခန်းတွင်ပြစ်မှုဝန်ခံ

Monday, October 29, 20120 မှတ်ချက်




ပလက်ဝ၊ အောက်တိုဘာ ၂၉--- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းထဲရှိ ဖက်ချောင်းဝ ရွာနေ ဦးသန်းမင်းသည် ၂၇-၁၀-၂၀၁၂ နေ့ ည ၇း၀၀ နာရီခန့်တွင် သားတော်မောင်(သားကြီး) ဦးခင်နောင် အသက် ၃၁ ၏ `ဓါးဖြင့် ထိုးသတ်ခြင်းဖြင့် ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ အရက်သောက်ဖို့ ပိုက်ဆံတောင်းသည့်ကိစ္စဟုသိရှိရသည်။

“အရက်သောက်ဖို့ ပိုက်ဆံတောင်းတဲ့ကိစ္စပါ၊ တစ်ခါမဟုတ်နှစ်ခါမဟုတ်တော့ အဖေက မပေးလို့ ထိုးသတ်တာ” ဟု အမျိုးတော်စပ်သူ ဦးအောင်ဖေမှ ခူမီးမီဒီယာသို့ပြောပြသည်။


ဦးသန်းမင်းတွင် သား(၂)ဦး၊ သမီး(၄)ဦးရှိသည့်အနက် ဦးခင်နောင်သည် သားကြီးဟု သိရှိရသည်။ ဦးခင်နောင်တွင်လည်းသားသမီး ၃ဦးရှိသည်ဟုသိရသည်။

ဦးသန်းမင်း၏ အလောင်းကို ၂၈-၁၀-၂၀၁၂ နေ့ ဖက်ချောင်းဝရွာမှ ပလက်ဝသို့ ပီချောင်းအထက်ပိုင်း ကုန်းလမ်းဖြင့် ထမ်းကာ ပလက်ဝသို့ ၂၉-၁၀-၂၀၁၂ နေ့နံနက် (၈း၀၀)နာရီခန့်တွင် ရောက်ရှိပြီး၊ ရင်ခွဲရုံတွင်ထားရှိသည်။

ဦးခင်နောင်သည် မိမိမှားကြောင်းဝန်ခံကာ အခု ပလက်ဝရဲစခန်းတွင် ချုပ်နှောင်ခြင်းခံရလျက်ရှိသည်။ အသုဘချရန်အတွက် အခေါင်းတလားကိုမူ ပလက်ဝနှစ်ခြင်းအသင်းတော်မှ ကူညီပြုလုပ်ပေးခဲ့ပါသည်။

အသတ်ခံရသူ ဦးသန်းမင်၏ရုပ်ကလပ်အား ယနေ့ မွန်းတည့်(၁၂း၃၀)နာရီအထိ ခွဲစိပ်ခြင်းမပြုလုပ်ရသေးပေ။ ပြစ်မှုကျူးလွန်သူ ဦးခင်နောင်အား တရာမမှု ဥပဒေပုဒ်မအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု သိရှိရသည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger