ပလက်နယ်မှ ရခိုင်လူငယ်များ၏ စက်လှေ(၃)စီးအား တင်းမတွင်တားမြစ်

Monday, October 29, 20120 မှတ်ချက်



ပလက်ဝ၊ အောက်တိုဘာ ၂၉---ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာ ပလက်ဝအထက်ပိုင်းရခိုင်ရွာများမှ ရခိုင်အမျိုးသားများသည် ရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပေါ်နေသော ပဋိပက္ခသတင်းများကြောင့် အခြေအနေအကဲခက် လေ့လာရန် ၂၅-၁၀-၂၀၁၂ နေ့ စက်လှေ(၃)စီးဖြင့် ကျောက်တော်ဘက်သို့ ယခင်ပြသာနာစတင် ဖြစ်ပွားခဲ့စဉ်ကကဲ့သို့ ဆင်းသွားခဲ့ကြောင်း သတင်းရရှိသည်။ 
သို့သော် ၎င်းတို့အဖွဲ့ စက်လှေ (၃)စီးကို တင်းမ ရဲစခန်းမှ  ကျောက်တော်သို့ ဆက်သွားရန် မပြုပဲ တားမြစ်ထားကြောင်း သတင်းရရှိသည်။ 
နောက်တစ်ခုက ဒီရက်ပိုင်းကြား ပလက်ဝအထက်ပိုင်း ထရွန်အိုင် ဆိပ်ကမ်းတွင် ရဲဝန်ထမ်းများ ဟွန်ဒါ စက်လှေများစီစစ်နေကြောင်းကြားသိရသည်။ ပလက်ဝနှင့်ကျောက်တော်ဆင်းမည့်စက်လှေများကိုအဓိကထားပြီးစစ်ဆေးနေကြောင်း မနက်ကပလက်ဝမြို့နယ်သို့ကိုယ်ပိုင်ဟွန်ဒါဖြင့် ရောက်လာသော ကျောင်းဆရာတစ်ဦးမှပြောပြခဲ့သည်။ 
“စက်လှေတွေကို တင်းကြပ်စွာ စစ်ဆေးနေတာတွေ့ရတယ်” ဟုပြောသည်။ 
ရခိုင်ပြည်ပြသာနာသည် တဖြည်းဖြည်း တခြားနေရာဒေသများသို့ ကူးစက်လာခဲ့သောကြောင့် ကာကွယ်နိုင်ရန်ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်မည်ဟု ဒေသခံတစ်ဦးမှ မှတ်ချက်ချခဲ့သည်။ 
ယခုအခါ ကုလားတန်မြစ်တလျောက်တွင် ည (၆) နာရီနောက်ပိုင်း မော်တော်ဘုတ်များ မမောင်းရ၊ မောင်းပါက ပစ်မိန့်ကို အာဏာပိုင်များမှ ထုတ်ပြန်ထားကြောင်းလည်း သိရှိရသည်။

ခူတေဇ + အိုက်တင်း

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger