ည (၆) နာရီနောက်ပိုင်း မော်တော်ဘုတ်များ မမောင်းရ အမိန့်ထုတ်ပြန်

Sunday, October 28, 20120 မှတ်ချက်

ပလက်ဝ၊အောက်တိုဘာ ၂၆--- ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်တလျောက်တွင် ည (၆) နာရီနောက်ပိုင်း မော်တော်ဘုတ်များ မမောင်းရ၊ မောင်းပါက ပစ်မိန့်ကို အာဏာပိုင်များမှ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

အဆိုပါအကြောင်းနှင့်ပတ်သက်၍ အသေးစိတ်ကို ဆက်လက်စုံစမ်းရာ ရခိုင်ပြည်နယ်အ တွင်းဖြစ်ပွားလျက်ရှိ သော ရခု

ိင်-ဘင်္ဂလီအရေးသည် ယခင်ဖြစ်ပွားရာနေရာမှ အခြားဒေသများသို့ တဖြည်းဖြည်းပြန့်ပွားလျက်ရှိရာ ယခုအချိန်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်သို့လည်း တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသလုံခြုံရေးအတွက် လိုအပ်သောပြင်ဆင်မှု များ၊ အကာအကွယ်များအတွက် ယခုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး ၏ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါ အမိန့်စာလွာကို ကျေးရွာအဆင့်ထိ ယနေ့ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

စနေမောင်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger