ရန်ကုန်၊နိုဝင်ဘာ
၂၆ --- ချင်းတိုးတက်ရေးပါတီ(CPP) အတွင်းရေးမှူးဦးရှိန်ထွန်း၏ဖခင် ဦးဂေခွီးရှိန်
အသက်-၇၁နှစ်သည် နာတာရှည်သက်ကြီးရောဂါကို နှစ်ပေါင်းများစွာပွေ့ပိုက်ရင်း ယမန်နေ့မနက်
၃ နာရီဝန်းကျင်တွင် ဘ၀တစ်ဘက်သို့ကူးသွားပါကြောင်း သိရှိရသည်။
ဦးဂေခွီးရှိန်တွင်
သားသမီး ၅ ဦးရှိပြီး ယခင်က ပြည်နယ်တရားသူကြီး ဥက္ကဌ နှင့်
အခြားတာဝန်ကြီးများကိုလည်း ထမ်းဆောင်ဖူးသူတစ်ဦးဖြစ်သည်။
ဦးဂေခွီးရှိန်ကို
၁၉၄၁ခုနှစ်၊ မင်းတပ်မြို့နယ်တွင်မွေးဖွား ခဲ့ပြီး ၂၀၁၂ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့မနက်
၃နာရီတွင် ရန်ကုန်ရှိမိမိနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ခြင်းဖြစ်သည်။
ကွယ်လွန်သူ
ဦးဂေခွီးရှိန်၏ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၂၇ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ ကျန်ရစ်သူမိသားစုများနှင့်အတူ
ခူမီးမီဒီယာဝိုင်းတော်သားများလည်း ထပ်တူဝမ်းနည်းရပါကြောင်း ဖော်ပြလိုပါသည်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။