ခဓကမ၏ကီမိုအမြင်သစ် ဆယ်နှစ်ပြည့်ကျေးဇူးတော်ချီးမွမ်းပွဲတွင်နောက်ကျမည်

Monday, November 26, 20120 မှတ်ချက်


ရန်ကုန်၊ နိုဝင်ဘာ ၂၆---ခူမီးဓမ္မကျောင်းသူ/သားများမိတ်သဟာရ (ရန်ကုန်)မှဆယ်နှစ်ပြည့် ကီမိုအမြင်သစ်မဂ္ဂဇင်းကို စက်တင်ဘာလအကုန်အမီထုတ်ဝေမည်ဟု ကြေငြာထားခဲ့သော်လည်း စာမူများနှင့် တခြားလိုအပ်ချက်များကြောင့် ယနေ့အချိန်အထိ ထုတ်ဝေနိုင်ခြင်းမရှိသေးပေ။
ယခုနှစ်သည် ခဓကမ၏ဆယ်နှစ်ပြည့် သည့်နှစ်ဖြစ်သည့်အားလျှော်စွာ ဆယ်နှစ်ပြည့်အထူးထုတ်မဂ္ဂဇင်းထုတ်ဝေရန်နှင့် ဆယ်နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ပြုလုပ်ရန် အစီအစဉ်ရှိခဲ့သည်။ ထိုအစီအစဉ်များမှ ဆယ်နှစ်ပြည့် ကီမိုအမြင်သစ်မဂ္ဂဇင်းကို ဒီဇင်ဘာ ၁ရက် ၂၀၁၂  ကျေးဇူးတော်ချီးမွမ်းပွဲ့အစီအစဉ်တွင်တစ်ပါတည်း ဖြန့်ဝေပေးနိင်ရန်ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ မည်သို့မျှ အကောင်အထည်ဖော်နိုင်အုံးမည်မဟုတ်သောကြောင့် ခဓကမအနေဖြင့် အားလုံးအားတောင်းပန်လိုကြောင်း အတွင်းရေးမှူး ဆရာကျော်ရှိန်းမှ ခူမီးမီဒီယာသို့ပြောပြသည်။
“ကီမိုအမြင်သစ်မဂ္ဂဇင်းက လုံးဝကိုမစုံသေးဘူး။ စာမူတွေအရမ်းအားနည်းတယ်။ စာမူတွေများများရဖို့လိုအပ်တယ်။ ဘယ်ကဏ္ဍမဆို စာမူပေးပို့နိုင်တယ်” ဟုပြောသည်။
ခဓကမ (ရန်ကုန်)သည် ဓမ္မကျမ်းစာကျောင်းသူ/သားများကိုအခြေခံဖွဲ့စည်းထားသော အဖွဲ့ဖြစ်သောကြောင့် ရန်ပုံငေါအင်အားနည်းခြင်း ၊စာမူများအချိန်မီိမရရှိနိုင်ခြင်း နှင့်တခြားကိစွ့များကြောင်း လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှောင့်နှေးနေတတ်ခြင်းဖြစ်သည်။ သို့ဖြင့်ပါ၍ အမှတ် ၃ ခေါ် ဆယ်နှစ်ပြည့်ကီမိုအမြင်သစ်မဂဇင်းကို ဖက်ရှုရန်မျော်လင်းစောင်းကြနေသောစာဖက်ပရိသတ်များအား သည်းခံပေးပါရန် ခဓကမ ကိုယ်စား ယေရှုနာမဖြင့်မေတာရပ်ခံပါကြောင်း အတွင်းရေးမှူးမှပြောသည်။
ခဓကမ (ရန်ကုန်)၏ဆယ်နှစ်ပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းဝတ်ပြုအစီအစဉ်ကို ဒီဇင်ဘာ ၁ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အမှုဆောင်ဟောင်းများအားဂုဏ်ပြုခြင်းအစီအစဉ်ကိုလည်း ပြုလုပ်သွားမည်ဟုသိရှိရသည်။
  
ထို့အပြင် ကီမိုအမြင်သစ် မဂ္ဂဇင်းအတွက်ကြော်ငြာလိုသည်မှာ ဓမ္မမိတ်ဆွေများ၊စာပေ၀ါသနာရှင်များအနေဖြင့် ကီမိုအမြင်သစ်မဂဇင်းအတွက် စာမူများ ပေးပိုးပါရန်တောင်းဆိုပါသည်။အင်္ဂလိပ်၊မြန်မာ၊ခူမီးသုံးဘာသာဖြင့်ရေးနိုင်ကြောင်းနှင့် ကီမိုအမြင်သစ် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး အတွက်ကုန်ကျမည့်ငွေ ၈ သိန်းကိုလည်း မည်သူမဆို ပံ့ပို့ပါဝင်နိုင်ကြောင်းကိုလည်း အကြောင်းကြားပါသည်။
အိုက်ကျော်ရှိန်း

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger