ပလက်ဝ၊
နိုဝင်ဘာ ၂၆--- အလငသဦးဆောင်သော ကီမိုတောင်ခရီးစဉ်ကို ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၁၆)
ရက်နေ့တွင် ပလက်ဝမြို့နယ်မှ ခူမီးမောင်မယ်များ လူဦးရေ (၃၀၀) ဦးခန့် နှင့်အတူ
ရန်ကုန်မှ အဆိုတော် ကွာလာ၊ မနွေးနွေးကို(Melody world)၊ မန်းအောင်ဇော်ထိုက် (မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၏
လူငယ်ဌာန အတွင်းရေးမှူး) တို့ နှင့် သွားရောက်ခဲ့ကြောင်းသိရှိရသည်။
နိုဝင်ဘာလ(၁၆)
ရက်နေ့တွင် မိုးဖွဲ့ဖွဲ့လေး ရွာသွန်းခဲ့သည်။ ကီမိုတောင်ခရီးလိုက်ပါမည့် ပလက်ဝအဖွဲ့များသည်
(၁၆) ရက်နေ့တွင် ဆမီးမြို့မှ စက်လှေများဖြင့် ထွက်ခွါသွားကြရာ လမ်းတစ်ဝက်တွင်
စက်ချွတ်ယွင်းမှုကြုံခဲ့ရပြီး အခက်အခဲအနည်းငယ်တွေ့ကြုံရခဲ့သေးသည်။
မီးချောင်းဘားဝ ရွာမှတဆင့် ကီမိုတောင်ပေါ်သို့ ခြေလျင်တက် ရသောခရီးဖြစ်သည်။ အချို့အဖွဲ့သည် စောစောတက်ခွင့်ရခဲ့သော်လည်း စက်လှေပျက်ရာတွင်ပါသွားသော အဖွဲ့မှာမူ ဘားဝရွာမှ ကီမိုတောင်သို့ မွန်းလွဲ(၂း၃၀) နာရီခန့်မှသာ တက်ရသောကြောင့် ကီမိုတောင်ပေါ်သို့ ည (၈း၃၀) တွင် အားလုံး ကျန်းကျန်းမာမာဖြင့် ရောက်ရှိကြသည်။ (၁၇)ရက်နေ့တွင် ကီမိုတောင်၏သဘာဝရှုခင်းများကို ငေးမောရင်း အားလုံး နားနားနေနေ အနားယူကြပါသည်။
(၁၈)ရက်နေ့တွင်
စုပေါင်း အမှတ်တရ ဓါတ်ပုံရိုက်ပြီးနောက် နေ့ခင်းအချိန် ရဲရဲတောက်ပူနွေးလှသော ကျောက်ပြင်ပေါ်
တွင် ရန်ကုန်မှ လာရောက်ပါဝင်သော အဆိုတော်မလေး မနွေးနွေးကိုမှ သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးသင်တန်းကို (၂)နာရီ ခန့် ပေးပြီး သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သော
ဝေစာများကိုလည်း တက်ရောက်လာသော လူငယ်တစ်သိုက်အား ဖြန့်ဝေပေးခဲ့သည်။
ကီမိုတောင်ခရီးစဉ်တစ်လျှောက် ကြမ်းတမ်းသောဒဏ်၊ ပင်ပန်ူမှုများရရှိစေကာမူ တောင်ပေါ်သို့ ရောက်သွားချိန်တွင် အားလုံး၏နုတ်မှပင် ပင်ပန်းသည်ဟု မညည်းတွားသည့်အပြင် ပျော်ရွှင်မှုပီတိဝေလျှက်ရှိကြသည်။
“ပင်ပန်းတာတော့အမှန်ပဲ
ဒါပေမဲ့ ကိုယ်လုပ်ချင်တဲ့ဆန္ဒတစ်ခုကို လုပ်ခွင့်ရသွားလို့ ကျေနပ်ပါတယ်”ဟု
ခရီးစဉ်မှပြန်လာသော ခူမီးပျိုတစ်ဦးမှဖွင့်ဟခဲ့သည်။
တောင်ပေါ်မှ
အပြန်ခရီးစဉ်တွင် ဆမီးမြို့၊ အင်္ဂလီကန်သာသနာဝင်း တောင်ကုန်းပေါ်တွင် စတေးဆိုး ဖျော်ဖြေတင်ဆက်ခြင်းများ
ပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်သို့ ဆမီးမြို့၊ ရဲ့ကင်းမှ အရာရှိများ၊
ပညာရေးဝန်ထမ်းများ၊ ကွင်းပြင်ပြည့်တက်ရောက်အားပေးခဲ့ခြင်းကြောင့် ညသန်းကောင်ကျော်အထိ
ဖျော်ဖြေတင်ဆက်မှုကိုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ခူတေဇ


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။