ခူမီးနှစ်သစ်ကူးနေ့ ကျင်းပရေး ကော်မတီဖွဲ့စည်း

Sunday, November 25, 20120 မှတ်ချက်



နိုဝင်ဘာလ ၂၅
ရန်ကုန်

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် ခူမီးရိုးရာနှစ်သစ်ကူးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ပွဲဖြစ်မြောက်ရေး အမှုဆောင်ကော်မတီတရပ်ဖွဲ့စည်းခြင်း အစည်းအဝေးကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ၊ မြန်မာနိုင်ငံလုသရင်အသင်းတော်ရုံးတွင် နိုဝင်ဘာလ (၂၅) ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲ (၃) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ပါသည်။

အစည်းအဝေးပွဲတွင် ပလက်ဝမြို့နယ်လူမှုရေးအသင်း၊
ခူမီးဓမကျောင်းသူ/သားများ မိတ်သဟာယ၊ ရွှေပြည်သာ ခူမီးခရစ်ယာန်မိတ်သဟာယ၊ ပလက်ဝမြို့နယ် ချင်းလူငယ်များ မိတ်သဟာယနှင့် ခူမီးမီဒီယာအဖွဲ့ စသောအဖွဲ့ များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ခူမီးနှစ်သစ်ကူးဖြစ်မြောက်ရေးအမှုဆောင်ဝင်များကို အားလုံးသဘောတူရွေးချယ်ရာ ပလက်ဝမြို့နယ်လူမှုရေး အသင်း မှ ဆရာ ဦးစိုးသိန်း၊ ဆရာ ဦးအောင်ကျော်၊ ပလက်ဝမြို့နယ် ချင်းလူငယ်များ မိတ်သဟာယမှ ဆရာ မိုးဇက်မန်း၊ ရွှေပြည်သာ ခူမီး ခရစ်ယာန်မိတ်သဟာယမှ ဆရာ ဦးဟွေ့ဘဲ၊ ခူမီးစာပေကော်မတီမှ ဆရာ ဦးကံတင်း၊ ခူမီးခရစ်ယာန်မိတ်သဟာယမှ ဆရာ ဗန်တလင်း၊ ခူမီးဓမကျောင်းသူ/သားများ မိတ်သဟာယမှ ဆရာကျော်ရှိန်း၊ ဆရာနေလင်းကျော် တို့ကို ၂၀၁၂ အမှုဆောင် ကော်မတီဝင်များအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ကြပါသည်။

ထို့နောက် ဒီဇင်ဘာ (၁) ရက်နေ့တွင် ပြုလုပ်သွားမည့် အခမ်းအနားအစီအစဉ်များကို အသေးစိတ် ဆွေးနွေး ခဲ့ကြပြီး လိုအပ်သော အသုံးစရိတ်များကို တက်ရောက်လာကြသော အဖွဲ့များမှ တက်အားတရွေ့ အလှူငွေ သီးသီးထည့်ဝင်ခဲ့ကြကာ အစည်းအဝေးကို ည (၆) နာရီ အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းသွားခဲ့ပါသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger