ပလက်ဝဒေသကိုဖော်ကျူးသောတီးရှပ် ခူမီးနှစ်သစ်ကူးအမီထုတ်ပြီ

Monday, November 26, 20120 မှတ်ချက်



ရန်ကုန်၊ နိုဝင်ဘာ ၂၇---ကေအမ်ဂျီမှ ပလက်ဝနယ်၏သဘာဝအလှတရားကို ဖော်ကျူးသော တီးရှပ်အင်ကျီကို ခူမီးနှစ်သစ်ကူးရက်အမီထုတ်ဝေမည်ဟုသိရှိရသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင်ရှိသော ပလက်ဝမြို့နယ်သည် ဧရိယာအားဖြင့် ၃၁၂၇..စတုရန်းမိုင်ကျယ်ဝန်းပြီး တောင်စွယ်တောင်တန်း အထပ်ထပ်ဖြင့် ကာရံထားသောကြောင့်  ငေးမောဖွယ်ရှုခင်းများ၊   တောင်တန်းများနှင့် မြစ်ချောင်းများနှင့်   ပြည့်နှက်လျှက်ရှိသောအရပ်ဒေသတစ်ခုဖြစ်သည်။

ထို့ကြောင့် ကေအမ်ဂျီမှ ဒေသသဘာဝတရားကိုဖော်ကျူးသော တီးရှပ်ကိုထုတ်ဝေရန်
စီစဉ်ခြင်းဖြစ်ပေသည်။  ပထမအကြိမ်အဖြစ် အထည် (၃၀၀) ထုတ်ဝေရန်၊ ပိတ်သားကောင်းကောင်းဖြစ်ထုတ်ရန်နှင့် အတတ်နိုင်ဆုံးဈေးနှုန်းချိုသာစွာရောင်းချရန် အစည်းအဝေးတွင် အားလုံးသဘောတူ အတည်ပြုခဲသည်အတိုင်း တစ်ထည်လျှင် (၂၅၀၀) ကျပ်ဖြင့် ဖြန့်ဝေရန် သတ် မှတ်ခဲ့ကြသည်။

“အင်ကျီကတံဆိပ်ရိုက်ဖို့ဆိုင်မှာအပ်ပြီးပြီ။ သောကြာညရမယ်။ အဲဒီတော့ ဒီဇင်ဘာ ၁ရက်နေ့ကျင်းပမယ့် ခူမီးနှစ်သစ်ကူးပွဲမှာ ဖြန့်ဝေရောင်းချလို့ရမှာပါ” ဟုအိုက်ဂျိမ်းစ်ဆန်းအောင်မှ ခူမီးမီဒီယာသို့ပြောသည်။

ဆက်လက်၍ “ရှေ့ဘက်မှာ Tanyn Reita Akry u sina ဆိုတဲ့ခူမီးidentity ကိုထိမ်းသိမ်းဖို့စာတမ်းလေးနဲ့အတူ Akei Chareng ၂လက်ကို ညာဘက်ရင်ဘတ်မှာ ပုံထော်ထားတယ်။ နောက်ဘက်မှာတော့ ကီမိုတောင်ပုံနှင့်အတူ ကီမိုတောင်အမှတ်တရဆိုတဲ့စာသားရေ..၊ Apui prai nai khumi saleaung ဆိုတဲ့စာသားရေ ဖော်ပြထားပါတယ်” ဟုဒီဇိုင်းရေးဆွဲသူ အိုက်ဇက်ကျော်ထွန်လှမှလည်း ပြောသည်။

“မလေးမှာရှိတဲ့ ခူမီးညီအစ်ကိုတွေအတွက် အထည်အရေအတွက်နည်းနည်းလောက်ပို့ပေးရင်ကောင်းမယ်” ဟုကိုလွင်လွင်မှပြောသည်။

ယခင်ကT.Shirt များထုတ်ဝေကြသော်လည်း အသင်းတော်ဘောင်အတွင်း (သို့) အဖွဲ့အစည်းတစ်ခုခုအတွင်း ကန့်သတ်ထုတ်ဝေလေ့ရှိသည်. ယခုတစ်ခါထုတ်ဝေသော T.Shirt သည် ခူမီးလူမျိုးတစ်မျိုးသားလုံးဆိုင်ရာ ၀တ်ဆင်နိုင်သော ဒီဇိုင်းဖြင့် ပထမဆုံးအကြိမ်ထုတ်ဝေထားခြင်းဖြစ်လေသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger