သူစိမ်းဆိုပေမဲ့ယောင်္ကျားရှိလို့စိတ်မပူတဲ့ USA သို့ခြေချမည့်မိသားစု

Monday, November 26, 20121မှတ်ချက်



ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၇--- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆားဒီရွာနေ ဒေါ်လာဒုန်း သားရောဘ။သမီး လာပေါက်တို့မီးသားစုသည် ၂၀၁၂ခုနှစ်၊ နိုဝင်လာ၂၆ ရက်နေ့ ညနေပိုင်း၃ နာရီတွင် မလးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ အမေရီကန်နိုင်ငံ၊ မေရီလန်းပြည်နယ်သို့ ထွက်ခွာသွားကြောင်းသတင်းရရှိသည်။

ဒေါ်လာဒုန်း၏အမျိုးသားဖြစ်သူ အိုက်ပါဘွေးသည် အမေရိကန်နိုင်ငံတွင် ၂၀၀၈ခုနှစ်ကတည်းက ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး မလေးရှားတွင် ကျန်ရစ်ခဲ့သော သားသမီးများနှင့် ဇနီးအား၂ နှစ်တိုင်တိုင် ခွဲခွာ နေထိုင်ခဲ့ရခြင်းဖြစ်သည်။ 


ထိုသို့မိသားစု ဝေးကွာခဲ့ရသော်လည်း ယနေ့ထိတိုင်ဒုက္ခမကြုံ၊ ကျန်းကျန်းမာမာဖြင့် နေထိုင်ရခြင်းအပေါ် အမေရိကန်သို့မထွက်ခွါမီနေ့တွင် ကျေးဇူးတော်ချီးမွမ်း ၀တ်ပြုအစည်းအဝေးလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“အမေရိကန်နိုင်ငံမရောက်ဖူးပဲ အခုလိုသွားနေရမှာဆိုတော့ ဘယ်လိုတွေဖြစ်ပြီး ဘယ်လိုနေကြရမလဲဆိုတာကို စဉ်းစားရင်း စိတ်ပူမိတယ်။ ဒါပေမဲ့ အမျိုးသားက ဟိုမှာလိုလေသေးမရှိအောင်တော့ စီစဉ်ထားပြီးဖြစ်နေမှာပါ” ဟုဒေါ်လာအုန်းမှ ပြောသည်။

အမေရိကန်နိုင်ငံကို နိုဝင်ဘာ၂၈ရက်နေ့ရောက်ရှိဖြစ်၍ တစ်မိသားစုလုံးအဆင်ပြေရန်ဆုတောင်းခြင်းဖြင့် သတိရစေချင်ကြောင်း ဒေါ်လာအုန်းမှ ဆုတောင်းအစည်းအဝေးတွင်ပြောသည်။

အိုက်ဖေအုပ်
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
27 November 2012 at 00:53

Hinai kamta leaungleaungri satang thai hai nai deaungkho amotheu prai. Achi Khumi bawibawi ly manih mietym py tymtym akawm thai iy, amy Khumi pri kavui py kamzau ryri atho sa u bawibawi nai adawn u khyh ba. Tameuh amy hawi pahen prai nai kang hnie.
Tah,m khai prai nai my, Kanneth. Ai Hawi Sau

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger