ရခိုင်အရေးအခင်း သေဆုံးသူ ၈၀ ခန့်ရှိကြောင်း ကုလပြော

Friday, June 29, 20120 မှတ်ချက်

2012-06-29
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ သေဆုံးသူ ၈ဝ ခန့်ရှိခဲ့တယ်လို့ အစိုးရထုတ်ပြန် တဲ့ စာရင်းကို ကိုးကားပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က ဒီကနေ့ ပြောလိုက်ပါတယ်။
သေဆုံးသူတွေအပြင် ဒဏ်ရာရသူ အများအပြားနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၂,၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ Martin Nesirky က ပြောပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြသူတွေကို ကုလသမဂ္ဂအနေနဲ့ အကူအညီ ပေးနေကြောင်းလည်း သူက ပြောပါတယ်။
အဲဒီ အကူအညီတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က လူဦးရေ ကိုးသောင်းကျော်အတွက် စားနပ်ရိက္ခာ တန်ချိန် (၇၂၅) တန် ကူညီခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် WHO အဖွဲ့က ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကူးစက်ရောဂါ ပျံ့ပွားမှု မရှိအောင် ဆောင်ရွက်နေတယ်လို့လည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
RFA
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger