နှစ်ပေါင်း 30 ကြာ ရှာဖွေပြီးနောက် သံခေတ်သုံး ဒင်္ဂါးပြားများ တွေ့ရှိ

Thursday, July 05, 20120 မှတ်ချက်

အပျော်တမ်း သတ္တုသိုက် ရှာဖွေရေးသမား ရက်ဂ်မိဒ်နှင့် ရစ်ချတ်မိုင်းလ်တို့သည် လယ်သမား တစ်ဦး၏ လယ်ကွင်းကို ခြံခတ်ထားသည့် နေရာအနီး တူးဖော်ကြရာမှ ယခုဒင်္ဂါးများကို မြေအနက် (၃)ပေတွင် 
တွေ့ရှိလာခြင်းဖြစ်သည်။
Posted on Jun 28 12 – 04:49 PM

သတ္တုရှာဖွေ ထောက်လှမ်းရေး ကိရိယာငယ်များဖြင့် နှစ်ပေါင်း(၃၀)ကြာ ရှာဖွေစူးစမ်းမှု ပြုလုပ်ခဲ့သည့်
နောက် သံခေတ်မှ ဒင်္ဂါးပြား တန်တစ်စိတ်မျှကို သူငယ်ချင်းနှစ်ဦး ရှာဖွေ တွေ့ရှိခဲ့သည်။ ယင်းဒင်္ဂါးများသည် ယနေ့ခေတ် ပေါက်ဈေး ပေါင်စတာလင် (၁၀)သန်းမျှ တန်ဖိုးရှိပြီး ထိုခေတ်က ဘုရင် ဂျူးလီးယက်ဆီဇာ လက်အောက်သို့ မကျရောက်ရန် သိုဝှက်ထားခြင်း ဖြစ်သည်။

စူးစမ်းမှုကို ၀ါသနာထုံသူ သူငယ်ချင်း နှစ်ဦးသည် ဂျာစီဒေသရှိ ယခင်ကတည်းက သတင်းကြီးနေသော
 မြေနေရာတွင် အားလျှင်အားသလို စူးစမ်း လေ့လာမှု ပြုလုပ်ခဲ့ကြသည်။ ဆယ်စုနှစ် (၃)ခုစာ ဖြတ်သန်း အချိန်ကုန်ပြီးနောက် ၎င်းတို့သည် ရွှေနှင့် ငွေဒင်္ဂါး စုစုပေါင်း သုံးသောင်းမှ ငါးသောင်းထိ ရှိနိုင်သည့် ရတနာ သိုက်ကို တွေ့ရှိခဲ့ကြသည်။ အဆိုပါ ဒင်္ဂါးတစ်ပြားစီသည် ပေါက်ဈေးအရ အနည်းဆုံး တစ်ပြားလျှင်
 ပေါင်စတာလင် (၂၀၀)မျှ တန်ကြေးရှိကြောင်း သိရသည်။ အပျော်တမ်း သတ္တုသိုက် ရှာဖွေရေးသမား ရက်ဂ်မိဒ်နှင့် ရစ်ချတ်မိုင်းလ်တို့သည် လယ်သမား တစ်ဦး၏ လယ်ကွင်းကို ခြံခတ်ထားသည့် နေရာအနီး တူးဖော်ကြရာမှ ယခုဒင်္ဂါးများကို မြေအနက် (၃)ပေတွင် တွေ့ရှိလာခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ကျော် ကတည်းက အဆိုပါ ဒေသတစ်ဝိုက်တွင် မြှုပ်နှံထားသည့်
 ရှေးဟောင်းရတနာများ ရှိနေကြောင်း သတင်းစကားကြောင့် ရှာဖွေတူးဖော်သူ အတော်များများ ရှိခဲ့သော်လည်း ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ချေ။ ဗြိတိန်သို့ ရောမတပ်များ ထိုးဖောက် ၀င်ရောက်လာပြီးနောက် ရောမ ဧကရာဇ် ဆီဇာလက်သို့ အဆိုပါ ဒင်္ဂါးများ မကျရောက်စေရန် ယခုလို မြှုပ်နှံထားခြင်းဟု သမိုင်းသုတေသီများက ယူဆထားသည်။ အသက်(၇၀)နီးပါး ရှိပြီဖြစ်သော မိဒ်နှင့် အသက်(၄၀)ကျော် မိုင်းလ်တို့သည် လွန်ခဲ့သော နှစ်(၃၀)ကတည်းက ယင်းရတနာသိုက်သည် ယခုပတ်ဝန်းကျင်တွင် ရှိမည်ဟု ယူဆကာ ရှာဖွေမှု ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
Source: DailyMail
Shared by Isaac
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger