ပလက်ဝမြို့နယ်တွင် ဒေသထွက်ကုန်များ ဈေးနှုန်းကျဆင်းမှုကြောင့် ဒေသခံများ အခက်တွေ့နေ

Monday, July 02, 20121မှတ်ချက်

ဂမုန်းအား အခြောက်လှန်းရန်အတွက် အစိပ်စိပ်စဉ်းနေစဉ်။
ယခုနှစ်အတွင်း ဒေသခံပြည်သူများ၏စားဝတ်နေရေးအလုပ်အကိုင်များအား
ဖုန်းဖြင့်မေးမြန်းရာ လက်ရှိအချိန်တွင် ဒေသထွက်ကုန်ဖြစ်သော ဆနွင်း နှင့် ဂမုန်းခြောက်များမှာ ဈေးနှုန်းအဆမတန်ကျဆင်းလျက်ရှိကြောင်း သိရှိရပါ သည်။

ယမန်နှစ်ကုန်ပိုင်းကာလများတွင် ဆနွင်းခြောက်ဈေးများသည် တစ်မောင်း (၂၅ ပိဿာ) လျှင် တစ်ထောင်ကျော်ခန့်ရှိသေးသော်လည်း ယခုအချိန်တွင် (500) ကျပ်ခန့်အထိထိုးဆင်း သွားခဲ့ကြောင်း၊ ဂမုန်းခြောက်များမှာလည်း လွန်ခဲ့သော (၂) နှစ်ခန့်က တစ်မောင်းလျှင် သောင်းဂဏန်းထိရှိသော်လည်း ယခုအချိန်တွင် (၂) ထောင်ခန့် သာ ရရှိကြောင်း လေ့လာသိရှိရပါသည်။

ဒေသထွက်ကုန်များဈေးနှုန်းကျဆင်းသော်လည်း ဆန်ဈေးမှာ ဆက်လက်
မြင့်မားလျက်ရှိပါသည်။ ယနေ့ပေါက်ဈေးမှာ ဆန်ကြီး (ပေါ်ဆန်း) မှာ တစ်အိတ်လျှင် 20000 ကျပ်ရှိပြီး ရိုးရိုးဆန်မှာ 16000-17000 ထိရှိကြောင်းသတင်းရရှိပါသည်။

အဆိုပါဒေသထွက်ကုန်များ ဈေးနှုန်းအဆမတန်ကျဆင်းမှုကြောင့် ဒေသခံပြည်သူများ၊ အထူးသဖြင့် ကုလားတန်းမြစ်အထက်ပိုင်း နှင့် ပီချောင်းဒေသ ဘက်မှ ပြည်သူများ စားဝတ်နေရေး ပိုမိုအခက်အခဲ ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ အခက်အခဲကြုံတွေ့မှုများကြောင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်မျာ
မှာလည်း အရောင်းအ၀ယ် အနည်းငယ်ထိုင်းလျက်ရှိကြောင်း ဒေသခံတစ်ဦး
၏ပြောကြားချက်အရ သိရှိရပါသည်။

အိုက်ဇက်
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

5 July 2012 at 02:29

ပလက်ဝမှာ ဒေသထွက်ကုန်တွေ ဈေးကျလို့ အခက်ကြုံနေရတဲ့သတင်းနဲ့ပတ်သက်ပြီး အဲဒီကိစ္စကို ပြောပြနိုင်မယ့် ဒေသခံတဦးဦးရဲ့ ဖုန်းနံဘတ်ရှိရင် ကျေးဇူးပြုပြီး မျှဝေပေးကြပါဦး။

လေးစားလျက်

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger