ဦးအောင်စောင်

Saturday, July 14, 20120 မှတ်ချက်

ငယ်စဉ်ဘ၀။ ။ ဦးအောင်စောင်အား၁၉၈၂-ခု ဧပြီလ ( ၃၀) ရက်နေ့ပလက်ဝမြို့နယ်တရွန်အိုင် ကျေးရွာ
တွင် ( အဘ) ဦးကမ်းရှိန် ( အမိ ) ဒေါတို့မှမွေးဖွားခဲ့သည်။ ငယ်စဉ်က ၁၉၃၅-ခုမှ၁၉၄၅-
ခုနှစ်ထိတရွန်အိုင်ရွာဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း ၁၉၄၉-ခုနှစ်မှ၁၉၅၃-ခုနှစ်
ထိဝက္ကူးသောင်ရွာ ၊ ခရစ်ယာန်အလွတ်ပညာသင်ကျောင်းတွင်လည်းကောင်းပညာသင်ကြား
ခဲ့သည်။ ထိုကျောင်းမှ အင်္ဂလိပ်-မြန်မာသတ္တမတန်းအောင်မြင်ခဲ့သည်။

အသက်မွေးဝမ်းကျောင်း
(၁) ကျောင်းဆရာ ၊ ကိုယ်ထူကိုယ်ထနေကျောင်း ( ၁၉၅၃-ခုမှ၁၉၅၅-ခုအထိ)

(၂) မူလတန်းပြဆရာ ၊ အမက ၊ မီးဇာ ၊ ရှင်းလက်ဝ ၊ အထက်ဘလိုင်းသာယာကုန်း ၊
ပလက်ဝမြို့နယ် ( ၁၉၅၅-ခုမှ၁၉၆၃-ခုအထိ)
(၃) ဘာသာပြန် ၊ နယ်ပိုင်းရာဇ၀တ်တရားသူကြီးရုံး ၊ ပလက်ဝမြို့ ( ၁၉၆၃-ခုမှ၁၉၇၃-ခုထိ)
(၄) စာရေးဝန်ထမ်းအဆင့် (၁) ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန ၊ ပလက်ဝမြို့
( ၁၉၇၃-ခုမှ၁၉၉-ခုအထိ)
(၅) ခရစ်ယာန်သာသနာ့ဝန်ထမ်းပလက်ဝမြို့ ( ၁၉၉၀-ခုမှယနေ့အထိ)

နိုင်ငံရေးဆောင်ရွက်ချက်
ဥက္ကဌ ၊ ပထမအကြိမ်မြို့နယ်ပြည်သူ့ကောင်စီလုပ်ငန်းစစ်ဆေးရေးအဖွဲ့ ( ၁၉၇၄-ခုမှ၁၉၇၈-ခုအထိ)

လူမှုရေးဆောင်ရွက်ချက်
(၁) အတွင်းရေးမှုး ၊ ခူမီးရိုးရာယဉ်ကျေးမှုအဖွဲ့ ပလက်ဝမြို့ ( ၁၉၆၃-ခုမှ၁၉၇၄-ခုအထိ)
(၂) စေတနာ့ဝန်ထမ်းဓမ္မဆရာ ၊ ယေရှုခရစ်အသင်းတော် ပလက်ဝမြို့ ( ၁၉၈၉-ခုမှ၁၉၉၀-ခုအထိ)
(၃) အစမ်းခန့်သင်းအုပ်ဆရာ ၊ ယေရှုခရစ်အသင်းတော် ပလက်ဝမြို့ ( ၁၉၉၀-ခုမှ၁၉၉၂-ခုအထိ)
(၄) သိက္ခာတော်ရသင်းအုပ်ဆရာ ( ပိုင်နယ်တာဝန်ခံ ) သခင်ယေရှုအသင်းတော် ပလက်ဝမြို့
( ၁၉၉၂-ခုမှ၁၉၉၆-ခုအထိ)
( ၅) မြို့နယ်တာဝန်ခံ ၊ ယခင်ယေရှုခရစ်အသင်းတော်ပလက်ဝမြို့ ( ၁၉၉၆-ခုမှယနေ့အထိ)

ယခုအခြေအနေ
ဆရာဦးအောင်စောင်သည်ယခုအခါ ၁၉၉၀ပြည့်နှစ်တွင်ပြည်သူ့ဝန်ထမ်းလောက်မှအငြိမ်းစား
ပင်စင်ကိုလည်းကောင်းနိုင်ငံရေးပင်စင်ကိုလည်းကောင်းခံစားလျှက်ရှိသည်။ ထိုသို့ပင်စင်ခံစားရင်းသခင်ယေရှု
ခရစ်အသင်းတော်၌ဌာနခွဲတာဝန်ခံ ၊ မြို့နယ်တာဝန်ခံဖြင့်သာသနာတော်တာဝန်များကိုထမ်းဆောင်ကာပလက်ဝ
မြို့ ၊ ရိက္ခာရပ်ကွက်တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတဆင့် ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်အောင်ချမ်းသာရပ်ကွက်တွင်ပြောင်းရွှေ့ရာ မကြာသေးခင်က ကွယ်လွန်သွားခဲ့သည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger