မြစ်ကြီးနားမှ ဆရာလွန်တန်းနှင့်တွေ့ဆုံခြင်း

Wednesday, July 25, 20120 မှတ်ချက်


၀၁၂ ဇူလိုင် ၂၂ နေ့မှာ တောင်ဒဂုံက ကိုမိုးဇက်ရဲ့အိမ်မှာဆရာလွန်တန်းနဲ့ခဏတာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
မေး - ဆရာ့ဇာတိက
ဖြေ -  ပိနဲတပင်ကပါ
မေး - မိဘတွေနဲ့မိတ်ဆက်ပေးပါအုံး
ဖြေ - ဦးဒီခို နှင့် ဒေါ်ပိုက်ဝေး ပါ
မေး - အရင်ကဘာလုပ်ခဲ့သလဲ
ဖြေ - အသက်၂၂ ကစပြီးအင်္ဂကန်အသင်းတော်မှာ အမှုတော်ဆောင်ခဲ့ပါတယ်။ ၂၀၀၆မှာ အနားယူခဲ့တယ်။
မေး - အခုသုံးနေတဲ့ခူမီးစာအပေါ်ဆရာ့ရဲ့အမြင်ကော ဘယ်လိုရှိလဲ။ပြင်ဖို့လိုတယ်လို့ထင်လား။
ဖြေ -ယခုလက်ရှိစာကတော့အမှန်ဆုံးပဲ။ ပြန်ပြုပြင်စရာမလိုတော့ဘူးလို့ထင်တယ်။
မေး - ခူမီးစာကို ခူမီးတွေက မတတ်ကြဘူး။ အဲဒါဘယ်လိုမြင်လဲ
ဖြေ - ခူမီးစာသင်ရမယ်။ မြစ်ကြီးနားဘက်ကလူတွေဆို ခူမီးစာမသင်ကြတော့ဘူး။ အဓိကတော့ အချိန်မပေးနိုင်တာဖြစ်တယ်။ လူတွေက ကိုယ့်အလုပ်နဲ့ကိုယ်စီဆိုတော့ ခူမီးစာလေ့လာသင်ယူဖို့အချိန်မပေးနိုင်ကြဘူး။
မေး - ဒါဆိုဘယ်လိုလုပ်ရမလဲ။
ဖြေ - သင်ပေးမဲ့လူလည်းအချိန်ပေးနိုင်ရမယ်။ ကျောင်းပိတ်တဲ့အချိန်တွေ၊ ကလေးတွေကိုသင်ပေးရမယ်။ သင်ပေးတဲ့သူက အားရမယ်။ ဘာသာရေးသင်တန်းတို့၊ တခြားအချိန်အခါတွေမှာတစ်ခါတည်းသင်ပေးရမယ်။ သင်ကိုသင်ရမယ်။ ပလက်ဝမြို့နယ်ရှိ အစိုးရကျောင်းတွေမှာလည်းသင်ခွင့်ရအောင် လုပ်ရမယ်။

မေး - စာပေရေးသားသူတွေတွေ့ရှိချက်အရ ခူမီးစာဟာ ဝေါဟာရမကြွယ်ဘူးလို့ထင်ရတယ်။ အဲဒါထောက်ခံပါသလား။ ဘယ်လိုဖြေရှင်းထင့်လဲ။
ဖြေ - ဟုတ်တယ်။ ထောက်ခံပါတယ်။ စာများများရေးဖို့လိုတယ်။
မေး - ကချင်ပြည်နယ် နှင့် ပလက်ဝက ခူမီးလူမျိုးကြားက ခြားနားတာလေးတွေပြောပြပါအုံး
ဖြေ -  အလုပ်လုပ်တဲ့နေရာမှာ ကွာဟတယ်။ ဘယ်လိုလဲဆိုရင် ကချင်ပြည်မှာ က သူများရဲ့ အလုပ်ကိုလုပ်ရတယ်။ နောက်ပြီးလစာလည်းကွာဟလို့ အလုပ်ပိုများများလုပ်ရတယ်။ နာရီအချိန်နဲ့လုပ်ရတယ်။ ပလက်ဝမှာတော့ ဒီလိုမဟုတ်ဘူး။ ကိုယ့်အလုပ်ကို ကိုယ်ကြိုက်သလိုလုပ်လို့ရတယ်။ နားချင်တဲ့အချိန်နား၊ လုပ်ချင်တဲ့အချိန်လုပ်လို့လည်းရတယ်။
မေး - ကချင်ပြည်နယ်ကိုရောက်တော့ လူမျိုးခြားနဲ့အိမ်ထောင်ကျတာလေးတွေတချို့ရှိတယ်။ အဲဒီအပေါ်အမြင်လေး။
ဖြေ - လူမျိုးခြားကိုယူတော့ ကိုယ့်ခူမီးစကားမပြောတော့ဘူး။ ဒါဟာ အားလုံးပဲ။ ခူမီးတွေဟာ စိတ်ဓါတ်ရေးမခိုင်မာလို့အဲလိုဖြစ်ရတာ။ လူမျိုးခြားကိုယူပေမဲ့ ကိုယ့်သား/သမီးကို ခူမီးစာ၊စကားရအောင်သင်ပေးရမယ်။
မေး - လက်ရှိခူမီးလူငယ်များအပေါ်ဆရာ့ရဲ့အမြင်လည်းသိချင်ပါတယ်
ဖြေ - လုံးဝအားမရဘူး။ တချို့ကကိုယ့်စာပေကို ရအောင်မလုပ်ကြဘူး။ တန်ဖိုးမထားလို့ အားမရတာပါ။ ကြိုးစားရမယ်။- ခူမီးတွေဟာ သူတစ်ပါးကို ထောက်မ ကူညီပေးမှုဘက်မှာ အားနည်းလွန်းတယ်။
မေး - ပလက်ဝနယ်ကနေ ထွက်ပြီးအဝေးမှာအခြေချနေထိုင်သူတွေအပေါ်အမြင်လေးလည်းသိချင်ပါတယ်။
ဖြေ -  တို့ဒေသမှာ အလုပ်မရှိ။ ၀င်ငွေ ကောင်းတဲ့နေရာမှာအလုပ်လုပ်နေကြပေမဲ့ အတောင်စုံရင် ပြန်လာပြီးကိုယ့်ဒေသမှာ ပြန်အခြေချသင့်ပါတယ်။
မေး - Khumi Reita Tanyn အပေါ်အမြင်လေး
ဖြေ - ခူမီးလူမျိုးရဲ့ ယာဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေ ပျောက်ကွယ်လုပြီ။ တန်ဖိုးမထားကြဘူး။ ခူမီးလူမျိုးရဲ့ ယာဉ်ကျေးမှု၊ ဓလေ့တွေကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းထားဖို့လိုပြီ။ အဓိက လူငယ်တွေက ကြိုးစားအားထုတ်ရမယ်။
မေး - KMG အပေါ်အမြင်ကကော
ဖြေ - ကောင်းပါတယ်။
မေး - ကျေးဇူးတင်ပါတယ် ဆရာ။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger