လျှပ်စစ်ဓါတ်အားအပြည့်ဝရရှိရေးဆောင်ရွက်

Monday, July 16, 20120 မှတ်ချက်


ပလက်ဝ၊ ဇူလိုင် ၁၆။
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာန၊ (E.P.C) သည် ပလက်ဝမြို့အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်အား တစ်ရက်လျှင် (၁း၃၀)နာရီ ခန့်မျှသာ လျှပ်စစ်ဓါတ်အားပုံမှန် ဖြန့်ဝေလျှက်ရှိပါသည်။ ပလက်ဝမြို့ (၃) ရပ်ကွက်ပေါ်ရှိ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များ၊ ကျောင်းသား/သူများ တစ်ရက်လျှင်(၁း၃၀) နာရီခန့် ပေးဝေသော လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင်း၊ ပလက်ဝမြို့ရှိ ရပ်မိရပ်ဖများမှ ဦးဆောင်သော မြို့မီးလင်းရေး ကော်မတီကိုလွန်ခဲ့သော (၆)လ က ဖွဲ့စည်းခဲ့ကာ အချိန်ပို (၁)နာရီ မီးလင်းရေးအတွက် ဆောင်ရွက်ခဲ့သော်လည်း၊ ၆ လသာဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းအားရပ်ဆိုင်းထားခဲ့ရသည်။
သို့ဖြစ်ပါ၍ ပလက်ဝမြို့ဒေသခံပြည်သူများသည် မြန်မာနိုင်ငံတွင်းရှိ အခြားမြို့များနည်းတူ ညစဉ်လျှပ်စစ်အား(၃)နာရီအပြည့်အ၀ ခံစားခွင့် ရရှိနိုင်ရေးအတွက် နိုင်ငံတော် သမ္မတကြီးထံ ပလက်ဝ မြို့ပေါ်(၂)ရပ်ကွက်ရှိ ပြည်သူများထောက်ခံမှုဖြင့် တင်ပြတောင်းဆိုရန် ပြင်ဆင်နေကြသည်။

Be Pui
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger