ပလက်ဝနယ်တွင် အစာခေါင်းပါးမှု ပိုမိုကျယ်ပြန့်လာ

Sunday, July 22, 20122မှတ်ချက်


ပြီးခဲ့တဲ့ ကုလား၊ရခိုင်ပြသနာတွေကြောင့် ပလက်ဝမြို့နယ်တွင်လည်း ဒေသခံများ စီးပွားရေးအကြပ်အတည်းများနှင့် ကြုံတွေ့နေရသည်။ ယခင်နှစ်များတွင် ဒေသထွက် သီးနှံများဖြစ်သော သရက်၊ဒညင်း၊ နာနတ်၊ လိမ္မော်၊ ငှက်ပျော စသောသီးနှံများကို  ယခုကဲ့သို့မိုးရာသီများတွင် ရောင်းရသောကြောင့် စားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းအထောက်အကူပြုခဲ့လေ့ရှိသည်။ ယခုနှစ်တွင် ရခိုင်ပြသနာများကြောင့် အ၀ယ်သည်များ ရောက်မလာ၍ ဒေသထွက်သီးနှံများ ပုပ်ပျက်ပုံအောနေတော့သည်။ 

ဒေသခံတစ်ဦးက “ဒီနှစ် လာဝယ်တဲ့လူမရှိသလောက်ပဲ။ တချို့လာတဲ့လူတောင် ဈေးကောင်းမပေးဘူး။ အခု စားဝတ်နေရေး အရမ်းဒုက္ခရောက်တယ်။ နောက်ပြီး ကျွန်တော်တို့ရွာက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် အရမ်းနီးတော့ ရွာသူရွာသားတွေက လယ်တွေ၊ ယာခင်းတွေတောင် အရင်လိုမလုပ်ရဲကြဘူး”ဟုပြောသည်။ ယခင်နှစ်များတွင် ၀ါးခုတ်ရောင်း အသက်မွေးဝတ်ကျောင်းပြုသူများလည်း ရခိုင်ပြည်နယ်မှ
ဝါးအ၀ယ်ဒိုင်များရောက်မလာသောကြောင့် နပ်မှန်ရေးကို ကြမ်းတမ်းစွာဖြတ်သန်းရသည်။

ဒီလိုခက်ခဲမှုအများဆုံးခံစားရသော နယ်တစ်ဝိုင်းဟု သက်မှတ်လောက်သော ဒေသမှ ကြိမ်ချောင်းကျေးရွာတွင် တာဝန်ကျသော ခရစ်ယာန်သင်းအုပ်ဆရာ ပြည်ဝေး အားမေးမြန်းကြည့်သည်။ “ဟုတ်တယ်..တော်တော်ဆိုးဆိုးဝါးဝါးကို ဒုက္ခရောက်တာပါ။ ပိုက်ဆံရှိတုန်း ဆန်တစ်အိတ်သွားဝယ်ထားမိရင်တော့ တစ်ရွာလုံးက စားစရာမရှိလို့လာလာတောင်းကြတယ်။ ကိုယ်လည်းအဆင်ပြေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ချင်းစာစိတ်နဲ့ပဲ ပေးရင်းပေးရင်းနဲ့ ၂ရက် ၃ရက်ပဲ ကြာတယ်။ တစ်အိတ်လုံးကုန်ရောပဲ” ဟုမိမိတာဝန်ကျရွာ၏ ဖြစ်ပျက်ကြုံတွေ့ရသော ဒုက္ခအကြောင်းကို စိတ်မသာစွာပြောပြသည်။ ဒီလိုအဖြစ်အပျက်ကြုံတွေ့နေရ၍ အကူအညီပေးမည့်အဖွဲ့များ ရောက်လာ၊မလာကိုမေးမြန်းကြည့်ရာ “သိပ်မကြာခင်တုန်းကတော့ IRC NGO အဖွဲ့တွေလာသေးတယ်။ သူတို့ကဆေးတွေပေးဝေပါတယ်။ ဆန်တို့၊ဘာတို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ project ပဲကုန်သွားလို့လားတော့မသိဘူး အခုဆိုမရောက်လာတာတော်တော်ကြာသွားပြီ။ တခြားအကူအညီတွေတော့ ရောက်မလာသေးပါဘူး” ဟုဖြေကြားခဲ့သည်။

လက်ရှိသမုန္ဒရာ ၀မ်းတစ်ထွာ ဟူသောပြသနာကိုဖြေရှင်းနိုင်ရန် မြေပဲ စရံငွေယူကြသည်။ အတိုးနှုန်း ၅ ကျပ်နှုန်းဖြင့် မြေပဲပေါ်မှမြေပဲအတွက်စရံငွေများယူထားခြင်းဖြစ်သည်။ ဤသို့ကြိုတင်စရံငွေဖြင့်အရောင်းအ၀ယ်လုပ်ထားသောကြောင့် မြေပဲပေါ်လာသောအခါ ၀ယ်သူတို့၏ မတရားဈေးနှိမ်ခြင်းများ အမြဲခံရတတ်သော်လည်း ယခုလက်ရှိအသက်ရှင်နေထိုင်နိုင်ရန်ဖြေရှင်းရေးသည် အဓိကကျလွန်းသောကြောင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်။

တစ်ချို့သောအဆင်ပြေသူရွာသားအချင်းချင်းတွင်လည်း ဆန်တစ်အိတ်ကို စပါး၂၅ တောင်း စသဖြင့်တောင်ယာစပါးပေါ်ချိန်တွင်ပေးရန် အလဲအလှယ်လုပ်ထားသည်လည်းရှိသည်။ ပလက်ဝမြို့နယ်၏ မိုးတွင်းအဓိကဟင်းလျာအဖြစ်ဝါတုတ် (၀ါ)မျှစ် ဟင်းမှာလည်းအရောင်းမကောင်းတော့ပေ။

ပိုဆိုးသည်မှာ ယခုနှစ်တွင် ပလက်ဝဒေသခံပြည်သူပြည်သားများ၏ နှစ်စဉ်အားထားသော ဂမုန်းနှင့် ဖျင်ဥ (၀ါ) ၀ါးဥ ဈေးမှာလည်း အဆိုးဝါးဆုံးအဆင့်သို့ ထိုးကျနေသောကြောင့် မီးလာရာလေပင့်ဆိုသလို ဒေသခံများရဲ့ဒုက္ခမီးမှာလည်း အတားအဆီးမဲ့လောင်ကျွမ်းနေလေတော့သည်။
Share this article :

+ မှတ်ချက် + 2 မှတ်ချက်

22 July 2012 at 21:47

ဒီအတိုင်းသာဆက်ဖြစ်နေရင်တော့ မလွယ်တော့ဘူး
ပလက်ဝနဲ့ မတူပီ ကားလမ်းဖောက်ရင်ကောင်းမှာပံဗျာ
ဒါမှမဟုတ် သီးနှံတွေ အလာဟသ မဖြစ်အောင်
သစ်သီးယိုစုံ စက်ရုံတစ်ခုတော့ လိုအပ်နေပြီ

22 July 2012 at 21:50

ပလက်ဝနဲ့မတူပီ ကားလမ်းဖောက်ရင်ကောင်းမှာပဲ
ဒီလိုကြာကြာဖြစ်နေရင် မလွယ်ဘူး
ဒါမှမဟုတ် သစ်နှံတွေအလာဟသ မဖြစ်ရအောင်
သီးနှံယိုစုံစက်ရုံတစ်ခုတော့ လိုအပ်နေပြီ

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger