ကုလားတန်ဘက်စုံစီမံကိန်း ဆောက်လုပ်ခြင်း လုပ်ငန်းခွင် ခေတ္တရပ်ဆိုင်း

Friday, July 06, 20120 မှတ်ချက်

ပလက်ဝ၊ ဇူလိုင် ၆ ရက်။
ကုလားတန်ဘက်စုံစီမံကိန်းနှင့်ပတ်သက်ပြီးပလက်ဝမှ ဒေသခံဆရာမတစ်ဦးအား လက်ရှိအခြေအနေကိုမေးမြန်းခဲ့သည်။

ပလက်ဝအရှေ့ဘက်ကမ်း တွင် သဘောင်္ဆိပ်ကမ်း ဆောက်လုပ်ရာမှ တစ်ပိုင်းတစ်စနှင့် ရပ်ဆိုင်းထားလျှက်ရှိကြောင်း၊ ၄င်းသဘောင်္ဆိပ်ဆောက်လုပ်ရာတွင်ရှိသော ဥယျာဉ်ခင်း မြေပိုင်ရှင်များစိုက်ထားသော သရက်ပင်များကို တစ်ပင် ၃၀၀၀ ကျပ် ဖြင့် ပိုင်ရှင်များမှပြန်လည်ရောင်းချပေးရကြောင်း၊ ၄င်းဥယျာဉ်ခင်းမှတဆင့် နှစ်လမ်းသွားကားလမ်းများဖောက်လုပ်ကာ အနီးဆုံးဖြစ်သော မောင်မောင် ရွာအထိ လမ်းအကြမ်းပြီးစီးနေပြီဖြစ်ကြောင်း၊ မောင်မောင်ရွာတွင် စစ်မှုထမ်းဟောင်းများအတွက် အဆောက်အဦးများဆောက်လုပ်ရန်လည်း စီစဉ်နေကြကြောင်း၊
မီးလက်ဝကို လည်းမြို့ပြတိုးချဲ့တော့မှာဖြစ်ကြောင်း၊ ထိုသို့မြို့ပြတိုးချဲရာတွင် ပြည်သူဆီက သိမ်းယူမည့် ဥယျဉ်များကို အိမ်ဆောက်ပြီး ပိုင်ရှင်များအား တိုက်ခန်းပေးမည်ဖြစ်ကြောင်း၊  ကားလမ်းဆောက်လုပ်လာခြင်းကြောင့် ယခုဆို ပလက်ဝ သဘောင်္ဆိပ်ကမ်းလမ်းကိုပင် ကောင်းမွန်စွာ ပြုပြင်နေကြောင်း များကို ပြောပြခဲ့သည်။

 သို့သော် ကုလားတန်ဘက်စုံစီမံကိန်းအား လက်ရှိရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပြသနာများကြောင့် နှင့် လက်ရှိတွင် အခြေအနေအရ နိုင်ငံခြားသားများ (အိန္ဒိယလူမျိုး)များ အ၀င်မခံပဲရှိနေရာ လုပ်လက်စ လုပ်ငန်းများအား ရပ်ဆိုင်းထားလျှက်ရှိသည်။

ဤ project အပေါ်ပြည်သူများ၏ သဘောထားများကို သတင်းပေးသူအားမေးမြန်းခဲ့ရာ “ခုနပြောတဲ့ ဆောင်လုပ်ရေးနဲ့ ပတ်သတ်လို့ တိုးတက်မှုကို လိုလားတဲ့သူတွေကတော့ ကြိုဆိုတယ်၊  မလိုလားတဲ့သူတွေ တစ်ချို့ ( အများစု - ရခိုင်တွေကတော့ ) အိန္ဒိယလူမျိုးဆို လုံးဝဖြစ်နေကြတယ်၊ ငါ့သဘောကတော့ အပြောင်းအလဲဖြစ်လာမယ့် အရာတစ်ခုမှာ အဆိုးအကောင်းဆိုတာ ပါလာမှာပဲ” လို့လည်းမိမိ၏ ထင်မြင်ချက်နှင့်တကွ ဖြေကြားခဲ့လေသည်။

ပလက်ဝမြို့နယ်တွင် လူဦးရေ ရှစ်သောင်းကျော်နေထိုင်ပြီး၊ ၄င်းကုလားတန်ဘက်စုံစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်မည့် အစီအစဉ်အား ဒေသခံများကြိုတင်သိရှိထားခြင်းမရှိပဲ ၂၀၀၈ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်ဖြင့်ဆောက်လုပ်နေခြင်းဖြစ်သည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger