တစ်ပိုင်းတစ်စနှင့် ၃/၄နှစ်ခန့်ရပ်ဆိုင်းထားသော ခူမီးယာဉ်ကျေးမှုပြတိုက်ကို စတင်ပြန်လည်ဆောက်လုပ်နေပြီ

Thursday, August 09, 20121မှတ်ချက်


ပလက်ဝ၊ သြဂုတ် ၁၀-------ခူမီးယာဉ်ကျေးမှုပြတိုက်ကို ငွေကြေးအခက်အခဲကြောင့် တစ်ပိုင်းတစ်စ ကြည့်မကောင်း၊ ရှုမကောင်း ဖြစ်ခဲ့သည်မှာ ၃/၄ နှစ်ပင် ရှိခဲ့ပြီဖြစ်သည်။ ယခုအခါ ၄င်းခူမီးယဉ်ကျေးမှုပြတိုက်ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် ကော်မတီများမှ ကြိုးပမ်းအားထုတ်ကာ အများစု၏ ဆန္ဒအတိုင်း ခူမီးအစိုးရ၀န်ထမ်းတစ်ဦးလျှင် ကျပ်(၃၀၀၀၀) သုံးသောင်းကို ၂၀၁၂-ခုနှစ်၊ ဇွန်လမှစတင်အလှူငွေကောက်ခံလျက်ရှိသည်။ ပညာရေးဝန်ထမ်းမှ ရရှိသောပိုက်ဆံများကို မြို့နယ်ပညာရေးမှူးဒေါ်ဆာဆု ထံ စုထားလျက်ရှိပါသည်။

ယခုအခါ ၀န်ထမ်းအသီးသီးမှ ကောက်ခံရရှိထားသော ငွေကြေးအားဖြင့် ၉-၈-၂၀၁၂  (ကြာသပတေး)နေ့ တွင် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို စတင်လျက်ရှိပါသည်။
၎င်းအဆောက်အဦးအတွက် ပြည်တွင်း/ပရှိ ခူမီး လူကြီး၊ လူငယ်မောင်မယ်များ တတ်အားသရွေ့ ပါဝင်လှူဒါန်း ကြပါရန် ခူမီးလူမျိုးနွယ်စုယဉ်ကျေးမှုပြတိုက်ဖြစ်မြှောက်ရေးကော်မတီအဖွဲ့ကိုယ်စား တိုက်တွန်းလိုက်ရပါသည်။ လှူဒါန်းမှုပြုသူအရောက်စီတိုင်းအပေါ် မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘုရားက ဆထက်တန်ဘိုး ကောင်းကြီးပေးပါစေကြောင်း ဆုမွန်ချွေလိုက်ပါတယ်။

အဆောက်အဦးပြီးစီးမှုအခြေအနေ

၁။ အဆောက်အဦးအမျိုးအစား
 RC ကွန်ဂရစ်တိုင် စတုန်းရန်ပုံစံ
 ၂။ ပထမအထပ် (မြေညီထပ်) Ground floor) အခင်းမပြီးသေး၊ လေးပတ်လည် နံရံ ကာရန်ခြင်းပြီးစီး။
 ၃။ ဒုတိယအထပ်  ကြမ်းပြင်၊ ကွန်ဂရစ်အခင်း (2nd floor) အခင်းပြီးစီး၊ လေးပတ်လည် နံရံ ကာရန်ခြင်းပြီးစီး။
  ၄။ တတိယအထပ်   ကြမ်းပင် (ပျဉ်းကတိုး)ပျဉ်ခင်း (3rd floor) အခင်းမပြီးသေး၊ အခင်းအတွက်ပျဉ်မရှိသေး၊ အမိုး၊ အကာများကိုဆက်လက်တည်ဆောက်လျက်ရှိပါသည်။  အဆောက်အဦးအတိုင်းအတာကိုနောက်ဆက်လက်ဖေါ်ပြပါမည်။
အဆောက်အဦးကြီးကြပ်ရေးမှူး- သာသနာပိုင်ဗာနဗထောင်ဝှေ့ (သာသနာပိုင်ငြိမ်း)
နာယက - မြို့နယ်ပညာရေးမှူးဒေါ်ဆာဆု၊ ပညာရေးမှူးရုံး၊ ပလက်ဝမြို့။ ၀၁၃၃၃၂၂၆၈ (အားမန်သစ်)
Chairman - မြို့နယ်အားကာမှူး ဦးဦးထွန်း၊ ပလက်ဝမြို့။
Secretary-  လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအာခေါင်၊ ပညာရေးမှူးရုံး၊ ပလက်ဝမြို့။
Treasurers - ဦးဟိန်းကြီး၊ စာရေးကြီး၊ အထက ၊ ပလက်ဝမြို့။
                 - ဦးဘစော ၊ တောခေါင်း၊ ရိပ်ခါရပ်ကွက်၊ ပလက်ဝမြို့။
                 - ဦးဂျေ၊ခင်အောင်၊ ဘဏ္ဍာထိန်း၊ သာသနာပိုင်ရုံး၊ ပလက်ဝမြို့။ ၀၁၃၃၃၃၇၄၅-လိုင်းခွဲ ၁၀၉
မှတ်ချက်။
ဘဏ္ဍာထိန်းဦးဘစောထံ ခုနလေးတင်က  မေးမြန်းချက်အရ ငွေ ကျပ် သိန်း(၁၀၀) ခန့် ရရှိတော့မည်ဟု ခန်းမှန်းရ။ ပညာရေးဝန်ထမ်းတို့ထံမှ ကောက်ခံရရှိသောငွေများကို ဆရာမကြီးထံအားလုံး သိမ်းထားကြောင်း သိရှိရပါသည်။
မြို့ပေါ်ရှိမြို့မိမြိုဖ များလည်း ပါဝင်ပါသည်။ အဆောက်အဦးအတွက် လိုအပ်သော သံချောင်း အချောင်း (၄၀)၊ Star iron သံ (၂) တန်၊ သံနန်းကြီး (၅) vissကိုကျောက်တော် မှာထားကြောင်းသိရှိရပါသည်။

KhuTeicha
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
11 August 2012 at 03:50

အင်မတန်ကောင်းတာပေါ့

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger