Posted by khonumthung on August 23rd, 2012
သဂုတ်လ ၂၄ ရက်နေ့က မလေးရှားရောက် မြန်မာလူမျိုးများနှင့် ချင်းလူမျိုးဒုက္ခသည် အချင်းချင်း အကြား ကလဲ့စား လူသတ်မှုဖြစ်ပွားသည်ဟု သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kudu Area ဗမာစားသောက်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ညတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ ချင်းလူမျိုး ငါးဦးနှင့် စားသောက်ဆိုင် ၀န်ထမ်းများ ရိုက်နှက်မှုဖြစ်ပွားရာမှ ချင်းလူမျိုးနှစ်ဦး ပွဲချင်းပြီး သေ ဆုံးကာ သုံးဦး ဆေးရုံရောက်သွားကြောင်း ချင်းဘာသာ ထုတ် one star Journal တွင်လည်းဖော်ပြထားသည်။
ဖြစ်စဉ်မှာ ယခု အမှု မဖြစ်ခင် အမှုတွင်ပါဝင်သူ ချင်းလူငယ်အား ဆိုင်ဝန်ထမ်းတွေက အပြင်းအထန်ရိုက်နှက်ခဲ့ရာမှ မလေးရှား ရင်းဂစ် ၃၀၀၀ ဖြင့် ကျေအေးခဲ့သော်လည်း ချင်းလူငယ်တွေ
က ပြန်လည်တုံ့ပြန်ခဲ့ဘူးကြောင်း၊ ထို့ကြောင့် ယခုကဲ့ သို့ ပြန်လည်ရိုက်နှက်မှုဖြစ်ပွားပြီး လူသတ်မှု အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေက ပြောကြသည်။
“ တရားလို ဆိုင်ဝန်ထမ်းတွေက အနည်းဆုံး ၁၅ ဦးလောက်နဲ့ ၀ိုင်းရိုက်တာပါ၊ ဗမာတွေက မဟာစားသောက်ဆိုင်က ဖြစ်ပြီးတော့ အသတ်ခံသူတွေဟာ အဆိုပါ စားသောက်ဆိုင်ဘေးနားမှာ အရက်သောက်နေတာကို တွေ့ရှိပြီး ဆိုင်အောက် အမှိုက်ပုံနားမှာ ရပ်စောင့်ပြီး ၀ိုင်းသတ်တာဖြစ် တယ်” ဟု မျက်မြင် တဦးက ပြောသည်။
အဆိုပါ ၁၅ ဦးထဲက အဓိက တရားခံ နှစ်ဦးကို ရဲတွေက ဖမ်းဆီးထားကြောင်း၊ အဆိုပါ ဖြစ်ရပ်ကြောင့် Pudu Area တွင် လုံခြုံရေးတင်းကျပ် မှာဖြစ်ကြောင်း လည်းသိရသည်။
အဆိုပါအရပ်တွင် ဗမာစားသောက်ဆိုင် အနည်းဆုံး ၇ ဆိုင်ရှိပြီး အရက်ကို အဓိက သောက်သုံးသူမှာ ချင်းလူမျိုး တွေဖြစ်ကြောင်းလည်း the one star Journal တွင် ဆက်လက်ဖော်ပြထားသည်။

Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။