ပလက်ဝ၊ စက်တင်ဘာ ၂၆---- International Rescue Committee (IRC) မှ ၄င်းတို့၏ စီမံကိန်းဝင် (၃၆)ရွာမှ
သင်တန်းသား ဦးရေ ၇၀ အားခေါ်ယူ၍ စက်တင်ဘာလ၂၅-၂၆နေ့များတွင် မွေးမြူရေးနှင့်
စိုက်ပျိုးရေးဆိုင်ရာ ပညာပေးသင်တန်းကို ပလက်ဝမြို့ ကီမိုခန်းမဆောင်တွင် ပြုလုပ်ကြောင်း
သတင်းရရှိသည်။
သင်တန်းသားတစ်ဦးကို တစ်ရက်လုပ်အားခနစ်နာကြေးနှင့် ခရီးစရိတ် တို့ကို
IRC မှ ထောက်ပံ့ပေးကြောင်း သိရသည်။
“နယ်ကနေလာတဲ့
ကျွန်တော်တို့အတွက် လုပ်အားခတွေနစ်နာမသွားရအောင် တစ်ရက်ကို တစ်ယောက် ၄၅၀၀ ကျပ်နှင့်
ခရီးစရိတ်တွေကို ပေးပါတယ်” ဟု သင်တန်းတက်ရောက်သူ တစ်ဦးမှ ပြောသည်။
သင်တန်းချိန်ကာလမှာ နံနက်(၈၀း၃၀ မှ ၁၂း၀၀)နာရီထိ မွန်းလွဲ (၁၀း၀၀ မှ
၅း၃၀)နာရီ ထိဖြစ်ပြီး ပလက်ဝမြို့လယ်ခေါင်ရှိ ကီမိုခန်းမဆောင်ကို တစ်ရက်လျှင် ၂၀၀၀၀ကျပ်
ဖြင့် ငှါးရမ်း အသုံးပြုကြောင်းသိရှိရသည်။
မြန်မာလို အပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ဖြစ်သော IRC သည်
ပလက်ဝနယ်သို့ လွန်ခဲ့သော ၂ နှစ်ခန့်က စတင်ဝင်ရောက်ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိပလက်ဝမြို့နယ်တွင် IRC ၊ MCC၊ ACF ၊ ဂရုဏာအဖွဲ့၊ ACF၊ UNDP
နှင့် အခြားအဖွဲ့များလည်း ရှိသည့်အနက် IRC လည်းတစ်ခုအပါအ၀င်ဖြစ်သည်။



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။