ပလက်ဝမြို့ပေါ် ၃-ရပ်ကွက်အုပ်ချုပ်ရေးမှူးများရွေးချယ်

Monday, December 17, 20120 မှတ်ချက်



ပလက်ဝ၊ ဒီဇင်ဘာ ၁၇---- ပလက်ဝမြို့ပေါ် ၃ ရပ်ကွက်အတွက် ဆယ်အိမ်စုကိုယ်စားလှယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး အထူးရွေးချယ်ခြင်း အစီအစဉ်ကို ၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက် နေ့တွင်ကျင်းပခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ပြဋ္ဌါန်းထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်သည့်မူအရ ၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက် နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် ရှိ ရိက္ခာ၊ မြို့မ၊ ရွာမ ၃-ရပ်ကွက်၏ အုပ်ချုပ်ရေးမှုများကို ဆယ်အိမ်ကိုယ်စားလှယ် ရွေးချယ်ပြီးနောက် မဲစနစ်ဖြင့် ဆန်ကာတင် ဆက်လက်ရွေးချယ်သွားခဲ့ရာ ယခင်အုပ်ချုပ်ရေးမှူးအဟောင်းများ ပြန်လည်နေရာရလာခဲ့ကြောင်း သိရှိရသည်။


“အရင်ကလိုမဟုတ်ဘဲ လူထုကရွေးချယ်ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေဆိုတော့ ပိုပြီးလေးစားစရာကောင်းမှာပါ။ လူထုကရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးအနေနဲ့ ရပ်ကွက်အကျိုး၊ ရပ်ရွာအကျိုးကို လူထုဆန္ဒနဲ့အညီ ဆောင်ရွက်သွားလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ရိက္ခာရပ်ကွက်တွင် နေထိုင်သော ပညာရေး ၀န်ထမ်းတစ်ဦးက ပြောသည်။

ရိက္ခါရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ်  နံနက် ၁၀း၃၀ နာရီတွင် မဲစနစ်ဖြင့် စတင်ရွေးချယ်ရာ ယခင်အုပ်ချုပ်ရေးမှူးဟောင် ဦးအောင်ကျော် ပြန်လည်ရရှိသွားသည်။
မြို့မ အုပ်ချုပ်ရေးမှူးအဖြစ် န၀တ ခေတ်တွင် ဥက္ကဌ တာဝန်ဆောင်ရွက်ခဲ့သော ဦးစံသိန်း မှလည်းကောင်း၊ ရွာမအုပ်ချုပ်ရေးမှူးအဖြစ် ဦးအောင်ဝင်းစိုး (ကြံ့ဖြိုးပါတီ) မြို့နယ်ကော်မတီဝင် တို့မှအသီးသီး မဲနိုင်ခဲ့ခြင်းဖြစ်သည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger