ပလက်ဝမြို့နယ် ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံကျင်းပ

Wednesday, December 05, 20120 မှတ်ချက်



ပလက်ဝ၊ ဒီဇင်ဘာ ၆--- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်ညီလာခံကို ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် တွင်လည်း ၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလ(၅) ရက်နေ့တွင်  မြို့နယ်ရုံးစိုက်ရာနေရာ၊ ရိက္ခါရပ်ကွက်၊ ပလက်ဝမြို့တွင် ပြုလုပ်ခဲ့ပါသည်။

ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း တက်ရောက်လာခဲ့ပြီး  မြို့နယ်ကော်မရှင်အဖွဲ့ဝင်များကို အသစ်ပြန်လည်ရွေးချယ်တင်မြောက်ခဲ့ခြင်းကို ပြုလုပ်ခဲ့သည်။ မြို့နယ်ကော်မတီဝင်သစ် အများစုမှာ နယ်ကျေးရွာများမှ ပိုများကြောင်း သိရပါသည်။     ညီလာခံတွင် ဆမီးမြို့နယ်ခွဲနှင့် ပလက်ဝမြို့နယ် များရှိ ကျေးရွာအသီးသီးမှ ညီလာခံကိုယ်စားလှယ်တော်များ လူဦးရေ(၇၀)ခန့် တက်ရောက်ခဲ့ကြသည်။


အဆိုပါ ပလက်ဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်ညီလာခံကို ညနေ ၅း၃၀ နာရီ ခန့်တွင် အဆုံးသတ်ရပ်နားခဲ့ပြီးနောက် စုပေါင်း အမှတ်တရ ဓါတ်ပုံများနှင့် ဗွီဒီယိုမှတ်တမ်းများကို ရိုက်ကူးခဲ့ကြသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger