CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ချင်းနိုင်ငံရေးပါတီနှင့် တွေ့ဆုံ

Monday, December 10, 20120 မှတ်ချက်



ရန်ကုန်၊ ဒီဇင်ဘာ ၁၀ --- ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စုဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့နှင့် ဒီဇင်ဘာလ (၉) ရက်နေ့အထိပြုလုပ်အပြီး ယနေ့ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ချင်းနိုင်ငံရေးပါတီများနှင့် ဆက်လက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲသို့ CNF အထွေထွေအတွင်းရေးမှူးချုပ် Pu Zing Cung ၊ Pu Thomas Thang Nou၊ Salai Kipp Kho Lian၊ Dr. Lian Hmung Sakhong၊ နှင့် အဖွဲ့များ၊ ချင်းတိုးတက်ရေးပါတီ (CPP)မှ ၁၆ ဦး၊ ချင်းအမျိုးသားပါတီ(CNP)မှ ၈ဦး ၊ အချိုးချင်းအမျိုးသားပါတီမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။


အစီအစဉ်တွင် Pu Thomas Thang Nouမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအချက် ၂၇ချက်ကိုပြန်လည်တင်ပြခဲ့သည်။ ၎င်းနောက် CNP ဥက္ကဌ ဦးဇိုဇမ်မှသော်လည်းကောင်း၊ CPP ဥက္ကဌ ပူးနိုထန်ကပ်မှသော်လည်းကောင်း၊ အချိုချင်းအမျိုးသားပါတီအတွင်းရေးမှူး ဆလိုင်အောင်မျိုးလှိုင်မှသော်လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့သည်။

“ CNF၊CNP၊ CPP၊ ZCP စသည့်အဖွဲ့အစည်းအသီးသီးပူးပေါင်းပြီး ညွှန့်ပေါင်းချင်းအမျိုးသားနိုင်ငံရေးအင်အားစု ဖွဲ့စည်းနိုင်ရင် ကောင်းမယ်” ဟု အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်သူ CPP ပါတီဗဟိုကော်မတီဝင် ဦးအိုက်စောမြမှ ခူမီးမီဒီယာသို့ပြောသည်။

တွေ့ဆုံပွဲကို ယနေ့မနက် ၁၀:၃၀ နာရီတွင်စတင်ခဲ့ပြီး၊ ညနေပိုင်းတွင် အဆုံးသတ်ခဲ့လေသည်။ နက်ဖြန်တွင် ရန်ကုန်ရှိချင်းလူထုများနှင့် တွေ့ဆုံပွဲကို MIT တွင် ၁နာရီမှ ညနေ ၄နာရီအထိ ဆက်လက်ပြုလုပ်သွားမည်ဟု သိရှိရသည်။




Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger