ခေတ်မီတိုးတက်သော လူ့ဘောင်ဆီသို့ ချီတက်ကြစို့

Saturday, June 30, 20120 မှတ်ချက်

 တိုးတက်နှုန်းမြန်ဆန်းလှသော ၂၁ ရာစုတွင် လူမျိုး၊နိုင်ငံတိုင်းက သူသူငါငါ အပြိုင်အဆိုင် တိုးတက်ရေး အတွက် ကြိုးစားအားထုတ်နေကြသည်။ ဘိုးဘွားခေတ်တုန်းက World is Flat ဟုထင်မှတ်ခဲ့ကြသော world သည် science ခေတ်ရောက်လာသောအခါ world is round ဟု လူတွေက ပြောင်းလဲ လက်ခံနိုင်ကြပြန်သည်။ ၂၁ ရာစု တွင် အိုင်တီ (Information& Technology) နည်းပညာတိုးတက်ခြင်းကြောင့် ယခင်တုန်းက အင်မတန်မှ ကျယ်ပြောလှသည်ဟု ထင်ရသော world သည် တဖြေးဖြေး ကျဉ်းကျုပ်လာပြီး Global village ဟုပင် ခေါ်ဝေါ်သမုတ်ကြပါတော့သည်။ ထိုမှတဆင့် လူတွေရဲ့ အတွေး အာရုံထဲ world is flat ဟု ခံယူချင်လာကြတော့ပြန်သည်။အဘယ်ကြောင့်ဆိုသော် world ရဲ့ မည်သည့်ဒေသတွင် နေထိုင်သော လူတို့နဲ့ မိနစ်ပိုင်းအတွင်း မြန်ဆန်စွာ ဆက်သွယ် စကားပြောဆိုနိုင်သော (IT) နည်းပညာလွန်စွာ တိုးတက်ထွန်းကားမှုကြောင့်ဖြစ်ပါသည်။ ထို (IT) နည်းပညာကို ခေတ်မီတိုးတက်လိုသော သူများက စူးစမ်းရှာဖွေ ကြိုးစားပြီး တီထွင် ဖန်တီးကြခြင်းဖြစ်သည်။
ထိုကဲ့သို့ အပြောင်းအလဲ မြန်ဆန်လွန်းသော လူ့ဘောင် ခေတ်ရေစီးကြောင်းနဲ့ အညီ လိုက်လျော့ညီထွေမှုရှိအောင် ကြိုးစားအားထုတ်ခြင်းသည် မရှိမဖြစ်လိုအပ်သောအရာ မဟုတ်ပါလော့။ တိုးတက်သော လူ့ဘောင်ကြီးထဲ မိမိတို့ ဝင်ဆန့်နိုင်ပြီလော့ or ဝင်ဆန့်နိုင်ဖို့ ကြိုးစားနေကြပြီလော့ ဟူသောအချက်များသည် မိမိလူမျိုးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ထည့်သွင်း စဉ်းစားရမည့် အချက်တွင် ပါဝင်ပါသည်။ တိုးတက်သော လူ့ဘောင်ကြီးဆီသို့ အရောက် လှမ်းနိုင်ဖို့ ကြိုးစားရာတွင် အောက်ပါအချက်များကို အလေးအနက်ထား ပြုပြင်ဆောင်ရွက်ရမည် ဟု စာရေးသူ ယူဆမိပါသည်။ သို့ရာတွင် စာရေးသူ ဖော်ပြသော အချက်များသည်သာ အမှန်ဆုံး၊ အပြည့်စုံဆုံး ဟု ပြောလိုခြင်းမဟုတ်ကြောင်း နားလည်ပေးစေချင်ပါသည်။ အရင်ဆုံးပြုပြင်ရမည့်အချက်များမှာ….
၁။ မိမိ ရဲ့ အမြင် ကို ပြုပြင်ရန်၊ မြင်တတ်အောင် ကြည့်ရန်
၂။ ဟောင်းနွမ်းပြီး တယူသန်သော စိတ်ဓာတ်ကို ဖယ်ထုတ်ပြီး အသင်ခံ အပြင်ခံ စိတ်ဓာတ်ကို မွေးမြူတတ်ရန်။
၃။ ပူးပေါင်းလုပ်ဆောင်ချင်သော စိတ်ဓာတ် နှင့် စည်းလုံးညီညွတ်ခြင်းကို လိုလားသောသူဖြစ်ရန်၊
၎။ သိတတ်သိမြင်လိုသော စိတ်ရှိပြီး တိုးတက်ပြုပြင်ချင်စိတ်ပြင်းပျရန်
၅။ မိမိ လုပ်ချင် သည် အတိုင်း၊ ပြောသည့် အတိုင်း လုပ်ဆောင်ရဲရန် နှင့် မိမိ တို့ လူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်ရန်…ဟူသော အချက်များပင်ဖြစ်ပါသည်။
အထက်တွင် ဖော်ပြထားသော ပြုပြင်လုပ်ဆောင်ရမည့် အချက် (၅) ချက်ကို အနည်းငယ် ဆွေးနွေးတင်ပြချင်ပါသည်။ စာရေးသူ တင်ပြသောအချက်များသည် ကိုယ်တိုင်လေ့လာသိမြင်သော အတွေ့အကြုံလေးများသာဖြစ်ပါသည်။…..နိဒါန်းကို အကြမ်းဖတ်ဖို့ ပေးပို့လိုက်ခြင်းဖြစ်ပါသည်….

စွမ်းထက်မောင်(သဇင်မြေ)
Khumiland group mail မှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger