we are one in Khumi ဟု ကြွေးကြော်ကြသော်လည်း

Saturday, June 30, 20120 မှတ်ချက်

ခူမီးလူမျိုးများကြားပေါ်ထွန်းလာသော စာပေများမှာ…(၉) မျိုး ၏ အမည်များမှာ..၁။ ခူမီးစာပေ ၂။ Lemi စာပေ ၃။ခေါင်စို စာပေ ၄။ တအော့ စာပေ ၅။ ရူပွီး (Ru pui) စာပေ ၆။ li khoeng စာပေ ၇။ နီရှေ့ စာပေ ၈။ ရိုင်စား စာပေ…စသည်တို့ ဖြစကြောင်း လေ့လာသိရှိရပါသည်။ လူဦးရေ ၈၀၀၀၀ ကျော်သာရှိသော ခူမီးလူမျိုးများကြားတွင် စာပေအများ အပြားပေါ်ထွန်းလာခြင်းသည် ခူမီးလူမျိုးတို့ စည်းလုံးခြင်း၊ တို့တက်ခြင်းဖြစ်သည်ဟု ဆိုနိုင်မည်မဟုတ်ပါ။ မြန်မာ အဆို”စုပေါင်း ညီညာ အောင်ကြောင်းဖြာ” ဟူသော ဆိုရိုးစကားရှိပါသည်။ ထို့ အတူ ခူမီးလူမျိုးတို့ တိုးတက်အောင်မြင် ရန်မှာ စည်းလုံးခြင်း၊ စုပေါင်းလုပ်ဆောင်ခြင်း၊ ဆေွးနွေးတိုင်ပင်ခြင်း…စသော အချက်များပင်ဖြစ်သည်။ တစ်ဦးတစ်ယောက်တည်း၊ တစ်မိသားစု ကောင်းစားရေး တစ်ခုကိုသာ ရှေ့ဆက်ကြိုးစားလုပ်ဆောင်နေကြပါမူ မည်သို့မျှ မိမိတို့ ခူမီးလူမျိုးတို့သည် သူတပါးနှင့် ရင်ဘောင်တန်းနိုင်မည်မဟုတ်ဘဲ သူတပါးနောက်သို့ သာ အစဉ်ကျန်ရစ်နေပေမည်ဖြစ်သည်။ ခူမီးလူမျိုးများကြား ဘာသာစကားအမျိုးမျိုးကွဲပြားခြင်းသည် ပြသနာ တစ်ရပ်ဖြစ်သော်လည်း ခူမီးလူမျိုးများကြား စည်းလုံးရန်၊ ပူးပေါင်းလုပ်ဆောင် တိုင်ပင်လို စိတ်မရှိခြင်းသည် အဆိုးရွားဆုံးပြသနာဖြစ်သည်။ ထိုသို့ ဆိုခြင်းသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လက်ညှိုးထိုးပြောဆိုခြင်းမဟုတ်ပါ။ ခူမီးစာပေ ပညာရှင်များ၊ စာပေလေ့လာလိုက်စားသောသူများ၊ စာပေဝါသနာရှင်များ၊ ခူမီးခေတ်ပညာတတ်များ၊ ဘာသာဗေဒလေ့လာလိုက်စားသောသူများ၊ မိဘ ဆရာသမားများ အားလုံးတွေ့ဆုံနွေးပြီး ခူမီးစာပေကို မြှင့်တင်သင့်ပြီဖြစ်ကြောင်း…
မှတ်ချက်… we are one in Khumi ဟု မည်သို့ပင် ကြွေးကြော်ကြသော်လည်း မိမိတို့၏ စိတ်ဓာတ်များက ကွဲပြားနေပါလျှင်….။

အားလုံးကို အစဉ်လေးစားလျက်….Ai Maung Nyo
Philippines
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger