Human
Right Defender သင်တန်းကို အက်ရှင်အေ့ဒ်မြန်မာရုံးတွင် ယခုဖွင့်လှစ်လျက်ရှိရာ အဆိုပါ
သင်တန်းတွင် ပလက်ဝမြို့နယ်မှ မစီစီအောင် တစ်ဦးလည်း တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
၎င်းသင်တန်းသည် (၆) ရက်ကြာ ပို့ချပေးသောသင်တန်းဖြစ်ပြီး သင်တန်းတာ ကာလအတွင်း
လူ့အခွင့်အရေးဆိုင်ရာအချက်အလက်များ၊
မသန်စွမ်းသူများဆိုင်ရာ ရပိုင်ခွင့်များ၊ ခွဲခြားဆက်ဆံခြင်း ခံနေရခြင်းဆိုင်ရာ အချက်အလက်များအား
အထူးပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
၎င်းသင်တန်းနဲ့
ပတ်သက်၍
သူမအားမေးမြန်းရာ “ဒီသင်တန်းကို
ဒီနေ့မှ စတက်တာဖြစ်တဲ့အတွက် သင်မယ့်ဘာသာရပ်တွေအကြောင်းကို အသေအချာတော့ ပြောလို့မရသေးဘူး။
ဒီနေ့ ကတော့ အချင်းချင်းဆွေးနွေးတာဘဲရှိသေးတယ်။ နောက်ရက်တွေကျရင် လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊
လယ်ယာအသိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲ၊ သက်သေအထောက် အထားတွေ နဲ့အတူ ဘယ်လို
သတင်းယူမလဲ
ဆိုတာကို ဆွေးနွေးတင်ပြတာတွေရှိမယ်လို့ သိရပါတယ်။” ဟု ဖြေကြားပေးခဲ့ပါသည်။
ဆိုတာကို ဆွေးနွေးတင်ပြတာတွေရှိမယ်လို့ သိရပါတယ်။” ဟု ဖြေကြားပေးခဲ့ပါသည်။



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။