ဖါသာရ်ပေါလ်ထွန်းခိုင်

Monday, July 09, 20120 မှတ်ချက်


ငယ်စဉ်ဘ၀ ။ ။ ဖာရ်ပေါလ်ထွန်းခိုင်အား ၂၇ /၈ /၁၉၅၇ ခုနှစ်တွင် ( အဘ) ဦးကန်အောင်နှင့် ( အမိ) ဒေါ်
မနုတို့မှပလက်ဝမြို့ ၊ အာဒေါင်ဝကျေးရွာ၌ဖွားမြင်ခဲ့သည်။
၁၉၆၅-ခုမှ၁၉၇၀-ခုအထိအမက ၊ တုတ်ကြေးဝကျေးရွာ၌၎င်း ၁၉၇၀-ခုနှစ်မှ၁၉၇၁-ခုအထိ
အထက ၊ ပလက်ဝမြို့၌၎င်း ၁၉၇၁-ခုမှ၁၉၇၂-ခုအထိအမှတ် (၄) အထက ၊ စစ်တွေမြို့၌၎င်း ၊ ဆဌမတန်း
ပညာကိုအောင်မြင်ခဲ့ပြီးနောက်၁၉၇၂-ခုနှစ်တွင်အမှတ် ( ၂၀၉ )သိမ်ဖြူလမ်း ၊ ရန်ကုန်၌ဖွင့်လှစ်သောကက်သလစ်ခရစ်ယာန်အခြေခံရဟန်းအဖြစ်သင်ကျောင်း သို့ဝင်ရောက်ခဲ့သည်။ ၁၉၇၂-ခုမှ၁၉၇၆-ခုနှစ်အထိသတ္တမတန်း
မှဒဿမတန်းထိအမှတ်(၅)အထက ၊ ဗိုလ်တထောင် ၊ရန်ကုန်၌၎င်း ၁၉၇၆-ခုနှစ်ဇွန်လတွင်ရန်ကုန်မြို့မှပြည်မြို့၌
ပထမဆုံးဖွင့်လှစ်သောအမှတ် (၁) အထကပြည်မြို့မှအောင်မြင်ခဲ့သည်။
ဆက်လက်ပြီး ၁၉၇၇-ခုမှ၁၉၇၈-ခုအထိ
ပဲခူးတိုင်း ၊ ရွှေတောင်ဒေသကောလိပ်မှပထမနှစ်ဇိဝဒေပညာကို၎င်း၁၉၇၈-ခုမှ၁၉၇၉-ခုနှစ်တွင်ပြည်မြို့ဒေသ
ကောလိပ်မှစိုက်ပျိုးရေးဒီပလိုမာဘွဲ့ကိုရရှိခဲ့သည်။ ဆက်လက်ပြီး၁၉၇၉-ခုမှ၁၉၈၁-ခုနှစ်ထိပုသိမ်ကောလိပ်၌
တတိယနှစ်နှင့်စတုတ္တနှစ်ပညာကိုသင်ကြားခဲ့ပြီးရုက္ခဗေဒဘာသာရပ်ဖြင့်( သိပံ) ဘွဲ့ကိုရရှိခဲ့သည်။


တက်ရောက်ခဲ့သောဘာသာရေးသင်တန်းကျောင်းများ
၁၉၈၂-ခုနှစ် ၊ ဇန်န၀ါရီ (၄) ရက်နေ့တွင်ကတ်သလစ်ခရစ်ကိုရင် ( ၀ါ) ဘရာသရ်အဖြစ်သင်္ကန်း ၊
ဝတ်ရုံကိုခံယူပြီးနောက်အမှတ်(၁၄) ဒူအမ်းလမ်း ရန်ကုန်မြို့ရှိမြန်မာပြည်လုံးဆိုင်ရာ ကတ်သလစ်ရဟန်းဖြစ်
တက္ကသိုလ်ဘာသာရေးဆိုင်ရာပညာရပ်များဆက်လက်ဆည်းပူးခဲ့ရာ ၁၉၈၂-ခုမှ ၁၉၈၄-ခုနှစ်တွင်ဒသနိက
ဗေဒ (ဖီလော်ဆောဖီ) ဘွဲ့ကို၎င်း၁၉၈၄-ခုမှ၁၉၈၈-ခုနှစ်ဧပြီလ ( ၃၀) ရက်နေ့တွင်ပလက်ဝမြို့မြို့မရပ်ကွက် ၊ စိန်
ပီတာဘုရားကျောင်းဝင်းတွင်ကက်သလစ်ခရစ်ယာန်ထာဝရရဟန်းသိက္ခာကိုခံယူခဲ့ပါသည်။

ဘာသာရေးဆိုင်ရာတာဝန်ထမ်းဆောင်ခဲ့သောဒေသများ
၁၉၈၈-ခုနှစ် ၊ ဧပြီ ( ၃၀) ရက်နေ့တွင်သိက္ခာခံယူပြီးနောက်စစ်တွေမြို့ ၊ ရွှေနှလုံးတော်ဘုရား
ကျောင်းတွင်လက်ထောက်ဘုန်းတော်ကြီးအဖြစ်စတင်ခန့်အပ်ခဲ့ပါသည်။
၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလတွင်ကျောက်ဖြူမြို့ ၊ ကက်သလစ်ဘုရားကျောင်း၏ကျောင်းထိုင်
ဘုန်းတော်ကြီးအဖြစ်တိုးမြှင့်တာဝန်ထမ်းပေးအပ်ခဲ့စဉ်စစ်တွေမြို့ရွှေနှလုံးတော်ဘုရားကျောင်း၏လက်ထောက်
ဘုန်းကြီးအဖြစ်ပူးတွဲတာဝန်ယူခဲ့သည်။ ပူးတွဲကျောင်းတိုက်ဘုန်းတော်ကြီးအဖြစ် ၁၉၉၅-ခုနှစ် ၊ မေလထိတာဝန်
ယူထမ်းဆောင်ခဲ့သည်။

ဘာသာရေးတာဝန်ပြောင်းရွှေ့ပေးအပ်ခဲ့ခြင်း
၁၉၉၅-ခုနှစ် ၊ မေလတွင်ပြည်သာသနာပိုင်ဂိုဏ်းအုပ်ဆရာတော်ကြီးသည်စစ်တွေမြို့မှပလက်ဝ
မြို့ ၊ စိန်ပီတာဘုရားကျောင်း၏ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်ရွှေ့ပြောင်းတာဝန်ပေးအပ်ခဲ့ပါသည်။

နိုင်ငံခြားသို့ဘာသာရေးအသင်းများတက်ရောက်ခြင်း
(၁) ဖိလိပိုင်နိုင်ငံ ၊ မနီလာမြို့ ( ၁၁ /၈/ ၁၉၉၇)
(၂) ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ( ၂၅ /၁၁/ ၁၉၉၇ )
(၃) ဖိလိပိုင်နိုင်ငံ ၊ မနီလာမြို့ ( ၈/ ၃ /၂၀၀၁)
(၄) ဟောင်ကောင် ( ၂၈/ ၉ /၂၀၀၂)
(၅) စကာင်္ပူနိုင်ငံ ( ၅/ ၁၀/ ၂၀၀၂)

ပြည်သာသနာပိုင်အတွင်းထမ်းဆောင်နေသောတာဝန်များ
(၁) သာသနာပိုင်ဆရာကြီး၏အတိုင်ပင်ခံအဖွဲ့ဝင်
(၂) ပြည်သာသနာပိုင်၏ဘဏ္ဌာထိန်းသိမ်းရေးကော်မတီဝင်
(၃) ပြည်သာသနာပိုင်၏ကျန်းမာရေးနှင့်ပြန်လည်နေရာချထားရေးတာဝန်ခံအဖြစ်တာဝန်များ
ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခြေအနေ ဖါသာရ်ပေါလ်ထွန်းခိုင်သည်ခူမီး (ချင်း)လူမျိုးထဲမှပထမဆုံးကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger