KMG အတွက် Laptop တစ်လုံးကို မလေးရှားအခြေပြု Paletwa Khumi Community (PKC) မှ ပေးအပ်လှူဒါန်း

Tuesday, July 10, 20120 မှတ်ချက်


လက်ခံရရှိသော Laptop အား အသုံးပြုလျက် စာရေးနေစဉ်။
 ဇူလိုင် 10
ရန်ကုန်

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ပိုင်းမှ ဒေသ သတင်းများအား အဓိကဦးစားလုပ်ဆောင်သော KMG သည် ယခုအခါ လုပ်ဆောင်သောလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာသောကြောင့် လုပ်ငန်းဆောင် တာများ လုပ် ဆောင်သောအခါတွင် အထောက်အကူပြုစေရန် အဖွဲ့အစည်းပိုင် ကွန်ပြူတာရှိပါက အလွန် အဆင်ပြေလှပါပေ သည်ဟု အားလုံးသဘောတူလက်ခံထားသော်လည်း အဖွဲ့အစည်းတွင် အသုံးပြုရန် လိုအပ်သော ကွန်ပြူတာ ၀ယ်ယူရန် ယခုအချိန်တွင် ဘတ်ဂျက်အင်အားမတောင့်သေးသောကြောင့် ၀ယ်ယူနိုင်ခြင်းမရှိသည်မှာ အတော်ကြာလှပြီဖြစ်ပါသည်။ 


ယခုကဲ့သို့ အဖွဲ့အစည်းအတွက်လိုအပ်သော ကွန်ပြူတာကိုလှူဒါန်းနိုင်ရန် မလေးရှာအခြေပြု Paletwa Khumi Community (PKC) အဖွဲ့သည် ဇွန်လ (၂၄) ရက်နေ့ တွင် အဖွဲ့အစည်းဆိုင်ရာ အစည်း အဝေးပြုလုပ်ရင်း ဆွေး နွေးခဲ့ကြပြီး လှူဒါန်းသွားရန် အားလုံးသဘောတူအတည်ပြုသွားကြောင်း PKC မှ အမှုဆောင် Coordianitor ကိုလွင်လွင်၏ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါ ဆုံးဖြတ်ချက်နဲ့ စပ်လျဉ်း Laptop ကို မကြာမီက မလေးရှားသို့ သွားရောက်သော Pastor Timothy မှတဆင့် လူကြုံပါးကာ KMG သို့ ပေးပို့ ပေးသောကြောင့် ယနေ့ ဇူလိုင်လ 10 ရက်နေ့၊ နေ့လည်ပိုင်း 12 နာရီခွဲ အချိန်တွင် KMG ၏ကိုယ်စား အိုက်ပီတာလွယ်လူးမှ ၀မ်းမြောက်ဝမ်းသာစွာ လက်ခံရယူပေးခဲ့ကြောင်း သတင်း ကောင်းပါးအပ်ပါသည်။
၎င်းနဲ့ပတ်သက် အိုက်ပီတာလွယ်လူးအား ဖုန်းဆက်မေးမြန်းကြည့်ရာ “အခု PKC ကပေးအပ်လှူဒါန်းတဲ့ Laptop က ကျွန်တော်တို့မျော်လင့်တာထက်ပိုပြီး အရည်အသွေးကောင်းပါတယ်၊ သူ့ရဲ့ Version ကလည်း အခု နောက်ဆုံးပေါ် version ဖြစ်တဲ့အတွက် အသုံးပြုရတာ အရမ်းကောင်းပါတယ်။ အခု ဒီလို Laptop ရှိလာပြီဆို တော့ KMG နဲ့ ပတ်သက်တဲ့ အလုပ်တွေကို အရင်ကထက်ပိုပြီး လုပ်ဆောင်နိုင်တော့မှာဖြစ်တယ်။ ညမိုးချုပ်အိမ် ပြန်လို့ရှိရင်လည်း စာရေးစရာရှိတာတွေကို အိမ်မှာ ဆက်လက်လုပ်ဆောင်သွားနိုင်တော့မှာဖြစ်ပါတယ်။ အခုလို ကူညီပံ့ပိုးပေးတဲ့ မလေးရှားနိုင်ငံက PKC အဖွဲ့နဲ့ လုပ်ဆောင်ပေးတဲ့ ကိုလွင်လွင်ကို အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။ “ ဟု ဖြေကြားပေးခဲ့ ပါသည်။

ယခုကဲ့သို့ ပေးအပ်လှူဒါန်းကြသော PKC မှ ကိုလွင်လွင်နဲ့တကွ သူ၏လုပ်ဖော်ကိုင်ဖက် များ အားလုံးကို သော်လည်းကောင်း၊ မလေးရှားမှ မြန်မာနိုင်ငံတိုင်အောင် အပင်ပန်းခံ သယ်ဆောင်ပေးသော ဆရာ တိမောတေ အပေါ် သော်လည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဒီ့ထက်မကသော ကြွယ်ဝချမ်းသာခြင်း၊ အောင်မြင်ခြင်းများကို အဆတန်ဖိုးပေါင်းများစွာ ရရှိနိုင်ပါစေကြောင်း ကျွန်တော်တို့ KMG ၀ိုင်းတော်သား၊ အမှုဆောင်များအဖွဲ့မှ အထူးမေတ္တာပို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

အိုက်ဇက်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger