ALP ၏ ကျန်းမာရေးကော်မတီ အဖွဲ့များ ပလက်ဝတွင် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ရန်စေလွတ်မည်

Thursday, July 19, 20120 မှတ်ချက်


ပလက်ဝ၊ ဇူလိုင် ၂၀။

၂၁၀၂-ခု၊ ဇွန်လ (၁၉)ရက် နေ့တွင် ရခိုင်ပြည်လွတ်မြှောက်ရေးကော်မတီ(ALP) ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ပလက်ဝမြို့နယ်တွင် စစ်မှုထမ်း တာဝန်ထမ်းဆောင်နေကြသော ရခိုင်တပ်မတော်သားများသို့ ၄င်းတို့၏ ကျန်းမာရေးကော်မတီအောက်တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာကြီးခိုင်သိန်းဝင်း၊ ဆေးမှူးခိုင်ဆန်းလင်းနှင့် ဆေးမှူးခိုင်နိုင်ထွန်း တို့အား
ပလက်ဝမြို့သို့စေလွတ်ရန်ကိစ္စရပ်များအား အကြောင်းကြားစာ ပို့ကြားခဲ့သည်ဟု သတင်းရရှိသည်။
၎င်းခရီးစဉ်တွင် ဒေသခံရခိုင်မျိုးနွယ်စုဝင်များအား ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် တာဝန်ပေးစေလွှတ်ခြင်းဖြစ်ကြောင်း နှင့် မိမိတို့ထံမှ လာရောက်ကြမည့် အဖွဲ့သားများအား သက်ဆိုင်ရာပုဂ္ဂိုလ်များမှ လိုအပ်သည်များကို ပူးပေါင်း ကူညီပေးကြရန် မေတ္တာရပ်ခံသော အကြောင်းအရာများပါဝင်လျှက်ရှိသည်။
ဤသို့စီစဉ်မှုများကို ဒေသခံတချို့အား လိုက်လံမေးမြန်းကြည့်ရာ မသိရှိကြပေ။

“ဘယ်လိုမျိုး ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကို လုပ်ကိုင်သွားမယ်ဆိုတာတော့ အသိအကျမသိရသေးတဲ့အတွက် စောင့်ကြည့်ရလိမ့်မယ်” ဟု သတင်းပေးသူမှ စိုးရိမ်သံဖြင့် ပြောပြခဲ့သည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger