ချင်းတောင်တန်းဖောင်ဒေးရှင်း၏ မဟာဗျူဟာ ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ပလက်ဝမြို့တွင် ကျင်းပ

Thursday, July 19, 20120 မှတ်ချက်

ချင်းတောင်တန်းဖောင်ဒေးရှင်း အဖွဲ့သည် ပလက်မြို့နယ်ကို အခြေပြုသော
လူမှုအခြေပြု ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၄င်းအဖွဲ့ကို ၂၀၁၂
ဇန်န၀ါရီလတွင် ဆရာဦးမာန်လင်းဦးဆောင်ပြီး ဒေသခံ ခူမီးတိုင်းရင်းသားများ
ပါဝင်ပါသည်။ အဖွဲ့ကို ဖွဲ့စည်းသည် ကာလအတွင်း အဖွဲ့ဖွဲ့စည်းပုံခိုင်မာရေး
၊ အဖွဲ့ဝင်များ စွမ်းဆောင်ရည် ပြည့်ဝရေးအတွက် လုပ်ငန်းများကိုဦးစားပေး
လုပ်ဆောင်ခဲ့ပါသည်။
ယခုအခါတွင် အဖွဲ့အတွက် ရုံးနေရာလည်း အတည်တကျ ရရှိလာပြီး အဖွဲ့ဝင်
အရေအသွေးလည်း တိုးတက်လာပြီ ဖြစ်သောကြောင့် ရေရှည်လုပ်ငန်းများကို
အကောင်အထည်ဖော်ဆောင်ရန် မဟာဗျူဟာ ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို
ပလက်ဝမြို့တွင် ဂျူလိုင်လ ၁၉ ရက်နေ့၊  နံနက် ၉ နာရီမှ ၁၂ နာရီအထိ
ပြုလုပ်ကျင်းပခဲ့ပါသည်။ ၄င်းအစည်းအဝေးမှ အောက်ပါ မဟာဗျူဟာကို
ချမှတ်ခဲ့ပါသည်။


မဟာဗျူဟာ (၁)
   ပလက်ဝ ဒေသအတွင်းရှိ လူငယ်များ စွမ်းဆောင်ရည် ပြည့်ဝပြီး
ဒေသဖွံ့ဖြိုးရေးကို ဦးဆောင် ဆောင်ရွက်လာနိုင်ရန်။
၎င်းမဟာဗျူဟာကို အထောင်အထည်ဖော်ဆောင်ရန် အောက်ပါလုပ်ငန်းစဉ်များကို
လုပ်ဆောင်ရန် ရွေးချယ်သတ်မှတ် ဆုံးဖြတ်ခဲ့ပါသည်။
  •   Khumi Literacy Program
  •   Youth Leadership Program
  •   Computer & English Language Program
  •   Resource Center Program
  •  Local Media Development Program
  •  Child Education & Development Program
  •  Environmental Awareness & Sustainability Program
  •  Social Networking Program
  •   Livelihood & Income Generation Program

၎င်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရန်အတွက် တာဝန်ခံများကို တခါတည်း
ရွေးချယ်သတ်မှတ် ခဲ့ပါသည်။ သို့သော် လုပ်ငန်းအားလုံးကို တပြိုင်နက်တည်း
လုပ်ဆောင်ရန် မဖြစ်နိုင်သေးပါ။ ထို့ကြောင့် ဦးစားပေး လုပ်ငန်းများအဖြစ်
Local Media Development Program အတွက် ဦးထောင်စိုး၊ Environmental
Awareness & Sustainability Program အတွက် ဦးခင်ထိုက်၊ Child Education
& Development Program အတွက် ဦးလင်းဆန်းအောင်၊ နှင့် Youth Leadership
Program အတွက် ဦးထွန်းမျိုးမောင်တို့မှ အသီးသီးတာဝန်ယူခဲ့ကြပါသည်။
ကျွနိုပ်တို့သည် ၄င်းမဟာဗျူဟာကို ၃ နှစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်
ဆောင်ရွက်မည် ဖြစ်ပြီး လိုအပ်ပါက ပြန်လည်ဆွေးနွေးဆုံးဖြတ်မည် ဖြစ်ကြောင်း
သဘောတူခဲ့ကြကြောင်း သိရှိရပါသည်။

မောင်ထွန်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger