KEC Founder ဆရာဟွေ့ဟောက်နှင့်တွေ့ဆုံခြင်း

Thursday, July 19, 20120 မှတ်ချက်


ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၂း၃၀ မှာ KEC ဘုရားကျောင်းမှာ ဆရာတော် ဟွေ့ဟောက်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး- ဆရာ့ရဲ့မွေးရပ်နှင့် မိဘကိုပြောပြပါအုံး
ဖြေ- ၀က္ကူးတောင်ကပါ။ အဖေကတော့ ဦးခင်မျိုး၊ အမေကတော့ ဒေါ်အင်ဖက်ပါ။
မေး - အော်ဟုတ်၊ကျေဇူးပဲ။ အမှုတော်ဆောင်သက်တမ်းပြောပြပါအုံး။
ဖြေ- ဘုရားအမှုတော်ကို စတင်ဆောင်ရွက်တာ ခရစ်နှစ်၂၀၀၀ ကတည်းကပါ။
မေး - ဒါဆို အရင်ကဘာလုပ်လို့လဲ ဆရာ..။
ဖြေ - ပလက်ဝမြို့နယ် သူဌေးကုန်းနှင့် ကုန်ပြင် ကျေးရွာအစိုးရကျောင်းတွေမှာ အထွေထွေ ၀န်ထမ်း ၉ နှစ်အစိုးရအမှုထမ်းခဲ့ပါတယ်။ အခုတော့ အမြင့်ဆုံးသော ဘုရားရဲ့ အမှုတော်ထမ်းပေါ့..။
မေး - အခုလက်ရှိဆရာဆောင်ရွက်တဲ့ အမှုတော်လုပ်ငန်းတွေကိုပြောပြပါအုံး။
ဖြေ - Khumi Evangelical Church ၊ Anna Child Care Center, Christ Descipleship Training School တွေကို အစေခံအမှုထမ်းနေပါတယ်။
မေး - စိတ်ဝင်စားစရာပဲ။ ဘယ်တုန်းက KEC ကိုတည်ထောင်ပြီး၊ ဘာလို့အဲဒီနာမည်ပေးရတာလဲ ပြောပြပါအုံး။

ဖြေ - ဟုတ်တယ်၊ ဒါကိုကျွန်တော်လည်းဖြေချင်တာ။ KEC ကို၂၀၀၃ ခုနှစ် မေလ ၃၀ ကစတင်တာပါ။ ဘာလို့ဒီနာမည်ပေးသလဲဆိုရင် ၁) ခူမီးလူမျိုးတွေဟာ သူများသာသနာပြုအောက်မှာ သာသနာအပြုခံ လူတန်းစားမဖြစ်စေချင်တော့ဘူး။ ခူမီးလူမျိုးတွေကိုယ်တိုင် ဧ၀ံဂေလိတရားကို ကိုယ့်လူမျိုးတွေအတွက် ဟောပြောရမယ်။ အမျိုးသားရေး အသင်းတော်မဟုတ်ပါဘူး။ ဒါကိုနားလည်ဖို့ အရမ်းအရေးကြီးတယ်။
အသင်းတော်ကိုတည်ထောင်တဲ့ ရည်ရွယ်ချက်ကတော့ ခူမီးလူမျိုးအားလုံး ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေဖို့ပဲဖြစ်ပါတယ်။ အခြေပြု ကျမ်းပိုဒ်ကတော့ ၁တိ-၂း၎။
မေး - ဒါဆို KEC နှင့်ပတ်သက်တာလေး ဖြည့်စွက်ပြောပြပါအုံး။
ဖြေ - KEC မှာ ကိုယ်ကျိုးစွန့် အမှုတော်ဆောင် ၄၃ ပါးရှိတယ်။ Rev. ၄ ပါး၊ Pro Pastor ၄ ပါး၊ Decon ၄ပါးပါ။ အသင်းသားတွေက ၇၅၀ ဦးရှိပါတယ်။ ရန်ကုန်မှာ ၅၀ ဦး၊ ကျန်တာက ပလက်ဝနယ်မှာပါ။
မေး - ဒါနဲ့ Anna Child Care Center အကြောင်းလည်းပြောပြပါအုံး။
ဖြေ - Anna Child Care Center ကို၂၀၀၄ ခုနှစ် မေလ မှာစတင် တည်ထောင်ခဲ့တာပါ။ ကလေးအယောက် ၆၀ ကိုကျောင်းထားပေးပြီးပြီ။ လက်ရှိမှာ ၄၅ ယောက်ရှိတယ်။ ၄ယောက်တော့ ဆယ်တန်းအောင်မြင်ပြီးပြီ။ ၇ယောက်ကတော့ ဆယ်တန်းအထိရောက်နေပြီ။
မေး - KMG အပေါ်ဆရာ့သဘောထားလေး ပြေပြပါအုံး။
ဖြေ - ဒီလိုလုပ်တာကောင်းတယ်။ သတင်းတွေအမြဲရနိုင်တော့ တစ်ဦးတစ်ယောက်ရဲ့လိုအပ်ချက်၊ သာရေးနာရေးကိစ္စတွေမှာလည်း ဒီလိုသတင်းပေးနိုင်တော့ ဆုတောင်းပေးနိုင်တာပေါ့။ အရမ်းကိုကောင်းပါတယ်။ ဆက်လုပ်ကြပါ။
မေး - လက်ရှိခူမီးလူမျိုးအပေါ်အမြင်ကလေးသိချင်ပါတယ်။
ဖြေ - ခူမီးလူမျိုးတွေဟာ အကြောက်တရားက လွှမ်းမိုးလွန်းတယ်။ဝိညာဉ်ရေး၊ လူနေမှုအဆင့်အတန်း၊ စီးပွားရေးအမြင်ပွင့်ဖို့၊စက်မှုလက်မှုပိုင်းမှာလည်း အများကြီးကိုလိုနေပါသေးတယ်။ (ဥပမာ-ထမင်းချက်ရင် ထင်းနဲ့ဆိုထင်းပဲ။ ဟိုးဘိုးဘေးခေတ်ကတည်းက အခုအထိလည်းဒီအတိုင်းပဲဖြစ်နေသေးတယ်။ ရွာတွေမှာ အိမ်သာမသုံးနိုင်သေးဘူး။ အရင်လိုအတိုင်းနေလို့မရတော့တဲ့ခေတ်မှာ အမြင်ပွင့်ပြုပြင်သင့်ပါတယ်။)
မေး - ခူမီးလူမျိုးပျောက်ကွယ်သွားနိုင်တယ်လို့ ခံယူပါသလား ဆရာ…။
ဖြေ - ဒီအတိုင်းပဲဆက်သွားရင် ပျောက်ကွယ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်ကနေ စပြီးပြုပြင်ရင် မပျေက်ကွယ်နိုင်ပါဘူး။ ဒါကအားလုံးနဲ့ ဆိုင်ပါတယ်။
မေး - ဒါဆိုဘယ်လိုပြုပြင် ပြောင်းလဲရင်ကောင်းမလဲ ဆရာ့ရဲ့အာဘော်ကိုသိချင်ပါတယ်။
ဖြေ - အေးဒီလိုလုပ်ရမယ်..
၁) အစိုးရကျောင်းမှာ ခူမီးစာသင်ကြားခွင့် ပြဌါန်းရမယ်။
၂) ခူမီးစာပေ၊ စာအုပ်များများထုတ်ပြီး၊ ခူမီးလိုစာများများရေးဖို့လိုတယ်။
၃) အမြင်ကျဉ်းတဲ့ အပြုအမူတွေကို ဖယ်ရှားရမယ်။ တစ်ဦးနဲ့တစ်ဦးအသိအမှတ်ပြုမှု အရမ်းကိုလိုအပ်ပါတယ်။
မေး - ကျေးဇူးပါပဲ ဆရာရေ..။ တခြားပြောချင်စရာများကျန်သေးလား။
ဖြေ - လုပ်တဲ့နေရာတိုင်းမှာ ဘုရားသခင်ကို မျက်မှောက်ပြုရမယ်။ (ယောရှု ၁း၈) ထဲကအတိုင်းပါပဲ။ ခူမီးညီအစ်ကိုတွေဟာ ဘာသာရေးသဘောနဲ့ သွားနေဖို့မဖြစ်တော့ပါဘူး။ စိတ်နှလုံးအကြွင်းမဲ့နဲ့ ဘုရားကိုကိုးကွယ်စေချင်ပြီ။
မေး - ဆရာ့ကို ဆက်သွယ်ရမဲ့ email များရနိုင်မလား။
ဖြေ - pthihufec@gmail.com
မေး - အခုလို စိတ်ရှည်ရှည်နဲ့ မေးသမျှကိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ - ရပါတယ်။

တွေ့ဆုံမေးမြန်းသူ- အိုက်ပီတာလွယ်လူး
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger