နန်းပျို ကီမို

Monday, July 09, 20121မှတ်ချက်



ဘူမိဌာနေ ၊ သဇင်မြေမှ
နန်းပျိုကီမို ၊ ကညာပျိုသည်
ချိုကြည်ဘုံနန်း ၊ နေခြည်ဖြန်းက
တောက်လျှမ်းဝေမြဲ ၊ တောက်နေဆဲတည်း။
မြတ်နန်းကီမို ၊ တောင်ပန်းမှိုတည့်
ပျိုမေကလျာ ၊ ချောညက်လှာသည်
ကြည်ပြာရေစမ်း ၊ လေပြေသန်းက
တောက်လျှမ်းဝေမြဲ ၊ တောက်နေမြဲတည့်။
သြော်…
မင်းပြေးကြမ္မာ၊ ကံရာဇာကို
သူသာရင်နှစ် ၊ သားချစ်ပုံရင်း


မင်းပြစ်ကင်းလို ၊ သူပုန်းလျှိုစဉ်
ကညာပျိုမှ ၊ မေတ္တာခ၍
အမောမြေစေ ၊ ဂူရိပ်မြေသည်
လူသူမခွဲ ၊ အယူမစွဲ။
စိတ်သစ်လူသစ် ၊ ရာစုသစ်တည့်
မျိုးချစ်ကီမို ၊ ရွှေနန်းပျိုသည်
မျိုးဂုဏ်အကျိုး ၊ အစဉ်တိုးဖို့
နိုးကြားနေမည် ၊ နိုးကြားမည်တည်း။

ခွဲယန် ( ပညာရေး )
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
10 July 2012 at 07:53

တယ်ကောင်းသဗျို့ ..............
များများရေးပေးနော်

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger