Chin Media Network မှ Organizer နဲ့ KMG အမှုဆောင်အဖွဲ့ ယမန်နေ့က တွေ့ဆုံ

Monday, July 09, 20121မှတ်ချက်

ဇူလိုင်လ 9 
ယမန်နေ့ (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း (2) နာရီတွင် KMG အဓိကအမှုဆောင် အိုက်ပီတာလွယ်လူး၏ စီစဉ်မှုဖြင့် ချင်းပြည်နယ်အဆင့် လုပ်ဆောင်လျက် ရှိသော Chin Media Network မှ Organizer ဆရာ Tial Awi Thang နဲ့ လှည်းတန်းအနီး IT လက်ဖက်ရည်ဆိုင်တွင် KMG အမှုဆောင်အဖွဲ့များနဲ့ ၂ နာရီ ကြာခန့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် Entertainment Media နဲ့ ပတ်သက်၍ လုပ်ဆောင်ရန် ရရှိနိုင်သော အခွင့်အလန်းများကိုလည်းကောင်း၊ သီချင်းခွေ ထုတ်လုပ်ရာတွင် စေတနာအလျောက် ပါဝင်ဆောင် ရွက်ပေးသော အဖွဲ့များ အကြောင်းကိုသော်လည်းကောင်း၊ ပလက်ဝမြို့နယ်တွင် ဟောပြောပွဲများ ကျင်း ပနိုင်ရေးအတွက် လိုအပ်သော လူသားအရင်းအမြစ်ရှာဖွေရေးကို သော်လည်းကောင်း၊  သတင်းလွှာ များမှတဆင့် ဒေသတွင်းသတင်းများ ပိုမိုကျယ်ပြန့်လာနိုင်စေရန် လိုအပ်သော ကွန်ယက်ဆက်သွယ်မှု အကြောင်း ကိုသော်လည်းကောင်း၊လူမှုကွန်ယက်ဆက်သွယ်ခြင်းနဲ့ ပတ်သက်သော အချက်များ ကိုသော်လည်းကောင်း၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းများပိုမိုတိုး တက်လာစေပြီး လူတိုင်းလက်လှမ်းမှီ တက်ရောက်နိုင်စေရန် လိုအပ်သော အစီအစဉ်များကိုသော်လည်းကောင်း၊ စနစ်ကျသော စာပေရေးသား မှုဖြစ်ထွန်းစေရန် ဖြစ်နိုင်ချေရှိသောနည်းလမ်းများကိုသော်လည်းကောင်း တစ်ဦးအမြင်တစ်ဦးဖလှယ်ကာ ရရှိနိုင်ရှိသော အကူအညီများ၊ နည်းလမ်းများ ကို အကျေအလည်ဆွေးနွေးခဲ့ကြပါသည်။

၎င်းဆွေးနွေးပွဲပြုလုပ်ခြင်းအားဖြင့် KMG သည် Chin Media Network အဖွဲ့နဲ့ ပိုမိုပေါင်းစည်းမှုရရှိစေပြီး အနာဂတ်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များတွင် အချင်းချင်းချိတ်ဆက်ပူးပေါင်းနိုင်ရန် တံတားတစ်ခုကို ခင်းနိုင်ခဲ့ပါသည်။ ဆွေးနွေးပွဲသည် အစ၊ အလယ်၊ အဆုံး တက်ကြွစွာအားလုံးပါ ၀င်ကြပြီး ညနေ (၄) နာရီခန့်တွင် အောင်မြင်စွာ ရုတ်သိမ်းသွားခဲ့ကြောင်း အကြောင်းကြားအပ်ပါသည်။

အိုက်ဇက်
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

20 July 2012 at 21:43

အရမ်းကောင်းတဲ့ သတင်းလေးပါနော် ချင်းဖြစ်သည်နဲ့ အတူ ခူမီးချင်းများလည်း ချင်းတိုင်းရင်းသား အားလုံး နဲ့ အတူ ပူးတွဲ လုပ်ဆောင်ပါက ပိုပြီး အလုပ်ဖြစ်မယ်လေ အားလုံး ခူမီးချင်းများ မိမိ ခူမီးမြေအတွက် ချင်းပြည်နယ်အတွက် လုပ်ဆောင်ရမည်မှာ ချစ်ခူမီးတို့တာဝန်ဖြစ်သည်...

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger