ဦးအောင်ဖာ

Monday, July 16, 20120 မှတ်ချက်

ငယ်စဉ်ဘ၀ ။ ။ ဦးအောင်ဖာအား ၁၉၄၀-ပြည့်နှစ် ၊ ဇန်န၀ါရီလ ( ၁၁) ရက်နေ့ ငရှားကျေးရွာတွင် ( အဘ)
ဦးတုတ်ဘဲ ( အမိ) ဒေါ်စပ်တလီတို့မှမွေးဖွားသည်။ ၁၉၄၉-ခုမှ၁၉၄၉-ခုနှစ်အထိ ၊ ငရှားရွာ
အ မ က ကျောင်းတွင်စတုတ္တတန်းကိုလည်းကောင်း ၊ ၁၉၅၅-ခုမှ၁၉၆၀-ခုနှစ်ထိပလက်စမြို့
အ ထ က ကျောင်းတွင် အင်္ဂလိပ်-မြန်မာ အဌမတန်းအောင်မြင်သည်အထိလည်းကောင်းပညာ
သင်ကြားခဲ့သည်။
အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်
ဦးအောင်ဖာသည်မူလတန်းကျောင်းအုပ်ဆရာမကြီးဒေါ်ကုန်ပြင်နှင့်လက်ထပ်ပြီးမိရိုးဖလာ
ဥယျာဉ်ခြံမြေလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။
နိုင်ငံရေး ၊ စီးပွားရေးဆောင်ရွက်ချက်များ
ဦးအောင်ဖာသည်မြန်မာ့ဆိုလှစ်လမ်းစဉ်ပါတီ၏ တာဝန်ပေးချက်အရအောက်ပါတာဝန်များကို
ဆောင်ရွက်ခဲ့သည်။
( ၁) အဖွဲ့ဝင် ( အချိန်ပိုင်း ) ချင်းဝိသေသပိုင်းလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ ၊ ဟားခါးမြို့
( ၁၉၇၂-ခုမှ၁၉၇၄-ခုအထိ)
(၂) အလုပ်အမှုဆောင်ကော်မတီဝင် ၊ ဗဟိုသမ၀ါယမအသင်း၊ ရန်ကုန် ( ၁၉၇၄-ခုမှ၁၉၇၈-ခု)
အထိ
(၃) ပလက်ဝမြို့နယ်ပြည်နယ်ကိုယ်စားလှယ် ၊ ပထမအကြိမ်ချင်းပြည်နယ် ၊ ပြည်သူ့ကောင်စီ ၊
ဟားခါးမြို့ ( ၁၉၇၄-ခုမှ၁၉၇၈-ခုအထိ)
(၄) ဥက္ကဌတတိယအကြိမ်ချင်းပြည်နယ်၊ ပြည်သူ့ကောင်စီ၊ ဟားခါးမြို့ ( ၁၉၈၅-ခုမှ၁၉၈၈-ခု
အထိ)

ယခုအခြေအနေ
ယခုအခါ၌ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်တွင်မိရိုးဖလာဥယျာဉ်ခြံမြေလုပ်ငန်းဖြင့်အေးချမ်းစွာလုပ်ကိုင်
နေလျှက်ရှိသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger