လူငယ်များအိမ်ထောင်ပြုခြင်းနဲ့ သတိုးသမီးတင်တောင်းခ (Vang)

Tuesday, July 17, 20120 မှတ်ချက်


ခူမီးရိုးရာဒါး (Charang) တစ်စုံပုံ။

ကျွန်တော်တို့လူမျိုးတွေဟာ ဟိုးဘိုးစဉ်ဘောင် ဆက်ကတည်းကနေ လူငယ်တစ်ယောက် အိမ်ထောင်ပြုတော့မယ် ဆိုရင် အမျိုးသမီးရှင် ဘက်ကို လှံ (10)ချောင်း၊ ရိုးရာဒါး Charang (1)စုံ၊ စသည်ဖြင့် အမျိုးသားဖက်ကနေပေး ရလေ့ရှိ ပါတယ်။ ဒီ့ပြင် တင်တောင်းခ (Vang) ကိုလည်း သတ်မှတ်တဲ့ အရေအတွက်ထိကို လူကြီးစုံရာရှေ့မှာ ပေးရပြီး သတိုးသမီးရှင် ဘက်ကလည်း သတိုးသား၊ သတိုးသမီးတို့အတွက် ရိုးရာစောင်တွေကို ပေးရလေ့ရှိပါတယ်။ ဒါဟာ အင်မတန် မှ မြတ်နိုးစရာကောင်းပြီး ကျက်သရေးမင်္ဂလာအပေါင်းနဲ့ ပြီးပြည့်စုံလှတဲ့ ဂုဏ်ယူစရာဓလေ့တစ်ခု ဘဲဖြစ်ပါ တယ်။

ပြီးတော့ ကျွန်တော်တို့ဘက်မှာ မင်္ဂလာပွဲကျင်းပတော့မယ်ဆိုရင် သတိုးသားဖက်ကနေ မုန့်ဖက်ထုပ် (Ta Ko Tleu) တွေ တတင်သလောက် အထုပ်100 - 200 ဒါမှမဟုတ် (၅၀)ထုပ်၊ ကြက်ဥလည်း 50 - 100၊ ကြက်လည်း တတ်နိုင်သလောက် အကောင် 20 - 30 ယူဆောင်ပြီး သွားလေ့ရှိပါတယ်။ ဒီလိုမျိုး ဓလေ့တွေ ဟာ ကျွန်တော်တို့ဒေသမှာ ယနေ့ထိတိုင်ရှင်သန်နေသော ခူမီးရိုးရာဓလေ့ဘဲဖြစ်ပါတယ်။

အဆိုပါ ရိုးရာဓလေ့ထုံးစံဟာ ခူမီးလူမျိုးစုအတွက်မရှိမဖြစ်အရေးကြီးတဲ့ ဓလေ့တစ်ခုဖြစ်တဲ့အတွက် ယနေ့ လူငယ်တွေ အနေနဲ့လည်း သိရှိထားပြီး အတက်နိုင်ဆုံးထိန်းသိမ်းသွားကြဖို့ အရမ်းဘဲလိုအပ် လှပါ တယ်။ ခေတ်တွေပြောင်းလဲလာလို့ ဓလေ့တွေပြောင်းလဲတော့မယ် ဆိုပြီး အလွယ်တကူ မယူဆသင့်ပါ ဘူး။ ပြောင်းလဲသင့်တာကိုတော့ ခေတ်အလိုက်ပြောင်းလဲမှုတွေလုပ်ကြပြီး မပြောင်း လဲသင့်သောအရာများ ကိုမူ ကျွန်တော်တို့ ဘယ်နေရာဘဲရောက်ရောက် အတက်နိုင်ဆုံး ထိန်းသိမ်း ကြဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် လူမျိုးဆိုတာ အဓွန့်ရှည်တည်တံ့သွားနိုင်မှာဖြစ်ပါတယ်။ 


"သတိုးသားဘက်က သတိုးသမီး တစ်ယောက်အတွက် တင်တောင်းခပေးတယ်ဆိုတာ ဒါဟာ ဒို့ခူမီးရိုးရာအစဉ်အလာကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်တဲ့အတွက် လုံးဝမတောင်း ခံတော့ ဘူးဆိုတာတော့ မဖြစ်သင့်ပါဘူး။ ရှိကိုရှိသင့်ပါတယ်။ ဒါပေမယ့် လည်း  နှစ်ဦးနှစ်ဘက် အဆင်ပြေချောမွေ့စေဖို့၊ သင့်သင့်လျောက်ပတ်တဲ့ အတိုင်းအတာ လောက်အထိကို သမီးရှင်တွေ အနေနဲ့ လျော့ပေါ့သတ်မှတ်ပေးနိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဘက် ပိုမိုအဆင်ပြေသွား ပါမယ်။"

ဒါနဲ့ပတ်သက်ပြီး ပထမပိုင်းမှာ ပြောပြထားသလို သတိုးသားက သတိုးသမီးတင်တောင်းခပေးရတာကို ဆက်လက်စဉ်းစားမယ်ဆိုရင် ဒါဟာ ဒို့ခူမီးလူမျိုးတွေရဲ့ သမိုင်းဝင်ရိုးရာအစဉ်အလာတခုဖြစ်တယ်။ ဒါကို မတောင်းခံတော့ဘဲ လုံးဝထားခဲ့မယ်ဆိုရင်လည်း မဖြစ်ပြန်ဘူး။ ရိုးရာဆိုတာ လူမျိုးတစ်မျိုးရဲ့ပင်မ အသက်
သွေးကြောဖြစ်ပါတယ်။ အသက်မ၀င်တော့တဲ့ ရိုးရာတစ်ခုဟာ ကြာရင် ပျောက်ကွယ်သွားနိုင် ပါတယ်။ ဘာ ဘဲဖြစ်ဖြစ် ဒါဟာလွန်ခဲ့တဲ့ ဘိုးစဉ်ဘောင်ဆက်ကတည်းကကျင့် သုံးလာခဲ့တဲ့ ခူမီးလူမျိုး တို့ရဲ့ ရိုးရာဓလေ့ အစဉ်အလာဖြစ်တဲ့အတွက် သတိုးသမီးတင်တောင်းခပေးရတယ် ဆိုတာကို ခူမီးလူမျိုးတိုင်း လုံးဝ လက် ခံနိုင်ရပါလိမ့်မယ်။ လူတိုင်းလက်ခံနိုင်ဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ ခူမီး လူမျိုးရဲ့ အရေးကြီးတဲ့ ၀ိသေသတွေများထဲမှာပါဝင်တဲ့ ကြင်အင်လက္ခဏာရပ် တစ်ခုဖြစ်နေလို့ပါဘဲ။ 
 အဲဒါနဲ့ဆက်စပ်ပြီး လက်ရှိအခြေအနေကို ကျွန်တော်လေ့လာတီးခေါက်မိသလောက်ပြောရမယ်ဆိုရင် ကျွန်တော်တို့ဒေသမှာ သတိုးသမီးရှင်တွေက တင်တောင်းခ (Vang)ကို သိန်းများစွာတောင်းလေ့ ရှိကြပါ တယ်။ တခါတလေကျရင် လူတွေရဲ့အမြင်မှာ သမီးကိုကုန်ရောင်းဝယ်ပြုသလို ပြုနေကြသလားလို့ ထင်မှတ် ရလောက်အောင် အဆမတန်တောင်းကြပါတယ်။ ဒါဟာ သတိုးသားတော်တော်များများအတွက် အတော် အခက်အခဲကြပ်တည်းမှုဖြစ်စေပါတယ်။ ဥပမာ-မိန်းမတစ်ယောက် ယူဖို့အတွက် သိန်းနှစ်ဆယ်၊ သုံးဆယ်
လောက် ပေးရမယ်ဆိုရင်လက်တလော သူတို့အနေနဲ့မိန်းမယူနိုင်ချေအင်အား သိပ်မရှိရှာတော့ဘူး။ လက်ရှိ အခြေအနေနဲ့ ချိန်ထိုးပြီး စဉ်းစားမယ်ဆိုရင် အခု ဒီဘက်မှာက စီးပွားရေးကလည်း မကောင်း၊ ကုန်ရောင်း ကုန်ဝယ်ကလည်း ပါးတဲ့အခါဆိုတော့ တော်တန်ရုံမိန်းမ ဖို့ မစဉ်းစားနိုင်တော့သလို မယူနိုင်ကြတော့တဲ့ လူပျိုလေးတွေလည်း ရှိကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး  ပလက်ဝက ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်ကလည်း ဒါဟာ ရှေးရိုးစွဲ တစ်ခုဖြစ်တဲ့အတွက် ယနေ့ခေတ်ကာလနဲ့လျော်ညီ တဲ့ ပြုပြင်ပြောင်းလဲမှုကို ထိုက်သင့်သလောက်ပြောင်းဖို့လိုအပ်ပြီ ဖြစ်ကြောင်း၊ ဖုန်းဆက်ပြီး ပြောပြဖူးတာ မှတ်မိနေပါသေးတယ်။ သူပြောတဲ့ အချက်တွေ မမှားပါဘူး။ သွေးထွက်အောင်ကို မှန်ပါတယ်။ ဒီအကြောင်း အရာကို ယနေ့လူကြီး၊ လူငယ်တွေ စတင် စဉ်းစားဖို့ လိုအပ်လာပါပြီ။ 
ဆိုကြပါစို့။ ကျွန်တော်တို့ဒေသမှာနေထိုင်တဲ့ ကျွန်တော်တို့လူမျိုးထဲက အမျိုးသမီးတစ်ယောက် ဟာ
ဒေသခံခူမီး လူမျိုးအချင်းချင်းအိမ်ထောင်ဖက်ပြုတဲ့အခါကျရင် သမီးရှင်တွေက သမီးတင်တောင်းခ ကို တောင်းချင်သလောက်တောင်းလေ့ရှိကြတယ်။ ဒါပေမယ့် သူသမီးက အခြားလူမျိုးတစ်ခုခု၊ ဒါမှမဟုတ် ဒီဒေသကိုတာဝန်နဲ့ ခဏတာရောက်ရှိလာတဲ့ ၀န်ထမ်းတွေနဲ့ ညားခဲ့မယ်ဆိုရင် အချို့တွေက သူ့သမီး အတွက် တင်တောင်းခကို မတောင်းတဲ့အပြင် (တချို့တွေက မရတဲ့အပြင်) မင်္ဂလာကိစ္စ၊ ၀ိစ္စများကိုပင် ကိုယ်တိုင်အကုန်အကျခံကာ ဆောင်နှင်းပေးခဲ့သည့် ရှေးယခင် သာဓကများလည်း ရှိခဲ့ဖူးပါတယ်။ ဒါတွေကျတော့ ချွင်းချက်အနေနဲ့ဖြစ်နေတော့ ယနေ့မေးခွန်းမေးလာစရာ ဖြစ်လာပါပြီ။  
အရင်ကကျွန်ုပ်တွေ့ဖူးတဲ့ မင်္ဂလာစုံတွဲတစ်တွဲရှိပါတယ်။ သူတို့နှစ်ယောက်က တဦးကိုတဦးအလွန် ချစ်ခင်မြတ်နိုးတွယ်တာကြပါတယ်။ သူတို့နှစ်ယောက်ချစ်သူဖြစ်မိကြတာလည်း နည်းနည်းကြာပါပြီ။ ဒါပေမယ့် တောဓလေ့ဆိုတော့ ချစ်သူတွေဖြစ်ပေမယ့် ခုခေတ်လို ပေါ်ပေါ်ထင်ထင်သွား လာလေ့မရှိဘူး။ တခါတလေ ဘယ်သူမသိခိုက်၊ လူသူဆိတ်ကွယ်တဲ့အချိန်ကျမှဘဲ မိဘတွေ၊ ပြီးတော့ ရွာသူရွာ သားတွေ
လည်း မသိအောင်ခဏတာ ချိန်းတွေ့တာလောက်ဘဲရှိပါတယ်။ အဆင်မပြေဘူးဆိုတာ သိပ်မရှိ သလောက် ပါဘဲ။ ဒါပေမယ့် အတူနေဖိှု့ မိဘတွေဆီ တင်တောင်းတဲ့အခါ သတိုးသမီးရှင် တောင်းတဲ့ ငွေပမာဏက သူ့အတွက်များနေတော့ သိပ်မတက်နိုင်ဘူးဖြစ်နေတယ်။ အကြေအလည် ဆွေးနွေးပေမယ့် သိပ်မထိ
ရောက်ဘူးဖြစ်နေတယ်။ ဒါနဲ့ သတိုးသားရဲ့အမြင်မှာ သမီးရှင်ဟာ သူနဲ့လက်ထပ်စေတာမဟုတ်တော့ဘဲ အရောင်းအ၀ယ်သဘောဖြစ်နေတယ်လို့မြင်သွားတယ်။ အချိန်က စပြီး အချင်းချင်းကြားမကြည်ဖြူ မှုတွေဖြစ်ပေါ်လာခဲ့တယ်။ ဒါပေမယ့် သူတို့နှစ်ယောက် လက်ထပ်ဖြစ်လိုက်ပါတယ်။ သို့ပေမယ့် အစပြု၊ ခြေဆင်းမှာ မလှပခဲ့တာမို့ အဲဒီနောက်ပိုင်း အဆင်မပြေမှုတွေ၊ ကတောက်ကဆဖြစ်မှုတွေ မကြာ ခဏဖြစ်တတ်လာတယ်။ အိမ်ထောင်ရေး မသာယာနိုင်ခဲ့တော့ပါဘူး။ တွေးကြည့်ရင် တကယ်စိတ်မကောင်း စရာပါ။
အခြားလူမျိုးနဲ့ အခြားဒေသအကြောင်းကိုလည်း ကျွန်ုပ်လက်လှမ်းမှီသမျှလေ့လာကြည့်မိပါသေးတယ်။ အချို့ဒေသမှာဆိုရင် ဒီကိစ္စကိုနည်းနည်းကြီးကျယ်တဲ့ပြဿနာတစ်ခုအနေနဲ့ မြင်ပြီး ကန့်ကွက်ကြတာလည်း ရှိပါတယ်။ အချို့တွေဆိုရင် သတိုးသမီးရှင်တွေဆီတင်မတောင်းတော့ဘဲ ခိုးရာလိုက် ပြေးတဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။ မဖြစ်သင့်သည်များလည်း ဖြစ်ခဲ့ကြပြီ။
ဒါ့ကြောင့်မို့ နိဂုံးချုပ်အနေနဲ့ ကျွန်တော့်အမြင်ကိုပြောချင်တာကတော့ သတိုးသားဘက်က သတိုးသမီး တစ်ယောက်အတွက် တင်တောင်းခပေးတယ်ဆိုတာ ဒါဟာ ဒို့ခူမီးရိုးရာအစဉ်အလာကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်တဲ့အတွက် လုံးဝမတောင်းခံတော့ရတော့ဘူးဆိုတာတော့ မဖြစ်သင့်ပါဘူး။ ရှိကိုရှိသင့်ပါတယ်။ ဒါပေမယ့်လည်း နှစ်ဦးနှစ်ဘက်အဆင်ပြေချောမွေ့စေဖို့၊ သင့်သင့်လျောက်ပတ်တဲ့ အတိုင်းအတာ လောက်အထိကို သမီးရှင်တွေအနေနဲ့ လျော့ပေါ့သတ်မှတ်ပေးနိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဘက် ပိုမိုအဆင်ပြေသွားပါမယ်။ တကယ်လို့ သတိုးသားဘက်က ထပ်လောင်းပေး ချင်တယ်ဆိုရင် ထပ်လောင်းပေးနိုင်တဲ့ အခွင့်ကို ဖွင့်ထားလိုက်ပါမယ်။ သဘောကတော့ လူကြီးသူကြီးများကို ကန်တော့ငွေ အဖြစ်ပေးအပ်ခြင်းပါဘဲ။ ဒီလိုနည်းလမ်းမျိုးနှင့် အခြားသောနည်းလမ်းများရွေးချယ်နိုင်ခွင့်ရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ လူမျိုးရဲ့ ဓလေ့ဟာ ရိုးရာလည်းမပျက်၊ မူလည်းမပျက်ဘဲ သတိုးသား၊  သတိုးသမီးလောင်း များ  အသက်ရှူ ချောင်ချောင်၊ ပျော်ပျော်ရွင်ရွင်နဲ့ ရွှေရောင်လမ်းခရီးကို ယခင်ထက်ပိုမို အဆင်ပြေချောမွေ့ စွာ လျှောက်လှမ်းနိုင်ပါမယ်လို့ ကျွန်တော်များ ဧကန်အမှန်ယုံကြည်လိုက်မိပါသည်။

စာဖတ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ..  

အားပေးမှုကို အထူးကျေးဇူးတင်လျက် .. 
မျိုးချစ်သူ (တောင်စိုမြေ)
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger