ကုလားတန်ရဲ့နှလုံးသားမကွဲစေချင်

Wednesday, July 04, 20121မှတ်ချက်


  • သြော်...ကိုယ့်မြေမှာခေတ်မှီတဲ့ ယှဉ်တွေမရှိလည်း
လှေအိုလေးတစ်စင်းနှင့် ဟိုသွားဒီလာဖို့
ဘဝကိုလွယ်ကူစေတဲ့ သဘာဝကုလားတန်
ပေါ့ပေါ့ါပါးပါး နင့်ရေလှိုင်းလေးတွေကြောင့် ကျေှးဇူးပါ။

  • လောကမြေကြီးပူလာသတဲ့ ရေချိုတွေရှားလာပြီတဲ့
ကိုယ်တော့မပူဘူး ထာဝရအချိုဆုံးကုလားတန်
အခမဲ့အချိန်တိုင်း ခပ်သောက်သုံးစွဲလို့ရတယ်
နင့်ရဲ့အေးမြတဲ့ စေတနာရေခြမ်းကြောင့်
ကျေးဇူးပါ မြတ်ကုလားတန်။

  • ဒီမြေမှာစားသောက်ဆိုင်ကြီးတွေ အထူးမရှိလည်း
ကုလားတန် ရေစိုဘေးက ရွက်နုတွေ
ရေချိုထဲက ငါးစိုတွေ ကမ္ဘာပြိုရင်တောင် မမေ့မယ့်
ဟင်းခွက်တွေ ရာသီစုံ ဆက်ဆက်ပေးခဲ့တဲ့
ကျေးဇူးလည်း ကြီးလှတယ် ကုလားတန်ရယ်။

  • ကမ္ဘာအနှံ့ အလုပ်လက်မဲ့ဖြစ်မှုတဲ့
ဖတ်နေရတဲ့သတင်းများ ကြားနေရတဲ့ သံလှိုင်းထဲ
ကိုယ့်အတွက် လုံလောက်တဲ့အစာတွေ အလုပ်တွေပါ
ထောက်ပံ့တဲ့  နင့်ကြောင့် ကိုယ့်စိတ်အေးရတယ်။

  • ကုလားတန်ရယ် ရေလိုရင်ရေ ဟင်းလိုလည်းဟင်းပေး
အလုပ်တောင်ပေးတဲ့ကျေးဇူးရှင် နင်သာငါဘဝရဲ့
အသက်သခင် အလုပ်ရှင်
နင့်အပေါ် ငါ့ဘဝရပ်တည်လို့နေရတယ် ။

  • အခုတော့ကွာ ..... ကုလားတန်ရယ်..
ငါတို့ရဲ့အခြေနေ နားမလည်သူတွေရဲ့ စိတ်ကြောင့်
နင့်ကြောင့်မဆုံးတဲ့ ဝမ်းနည်းခြင်းမှတ်တမ်းတွေ
နေဝင်ချိန်ရဲ့ ကြေကွဲတဲ့ ဇတ်လမ်းထဲမှာ
ကိုယ်ငိုရမယ့် အချိန်နီးလို့ လာနေတယ်။

  • ကုလားတန်ရယ် နင်ပေးခဲ့သမျှ ကျေးဇူးတွေအတွက်
နင့်ရဲ့ ဆန္ဒဘက်မှာ အမြဲရပ်တည်မှာပါ
ကိုယ်ကြားတာက အလွန်ကြီးမားတဲ့ သဘောင်္တွေရယ်
စက်လှေကြီးတွေနှင့် နင်မသိတဲ့ သူစိမ်းပေါင်းစုံ
ထောင်သောင်းချီပြီး ဖြတ်သန်းသွားလာကြမယ်တဲ့။

  • ချစ်တဲ့ကုလားတန်ရယ် နင့်ရဲ့ချစ်စရာ အလှတွေ
မြတ်နိုးစရာကောင်းတဲ့ နင့်ရဲ့သဘာဝတရားတွေ
ပျက်စီးသွားမှာကိုတော့ ကိုယ်ကြောက်နေမိတယ်
လေးလွန်းတဲ့ သဘောင်္ကြီးတွေ သူစိမ်းတွေကြောင့်
နင့်ရဲ့နုနယ်တဲ့လှိုင်းတောင်ပံတွေ ကျိုးပဲ့သွားလေမလား
အက်ကွဲသွားမလား ကိုယ်အသည်းနာလှပြီ ။

  • ကိုယ်လည်းနင့်လိုပါပဲ  နင်ပေးခဲ့တဲ့ရေချိုဟင်းတွေ
အခမဲ့စီးရတဲ့ လှို်င်းလေးတွေ နင်ပေးတဲ့အလုပ်တွေရယ်
နင့်အပေါ် မှီခိုတဲ့ငါ့ဘဝ ကိုယ်မျက်စိရှေ့မှာ
ရှုံးဆုံးသွားမှာ မြင်ယောင်မိတိုင်း စိတ်မချမ်းသာဘူးကွာ
ကိုယ့်ရဲ့ ဘိုးဘွားခေတ်ကတည်းက နင့်စေတနာတွေ
နင်ဖြည့်စီးပေးမှုတွေကို အမှတ်တရမျှနဲ့တော့
မကျန်ရစ်စေချင်ဘူး  ......
သမိုင်းထဲက ပုံပြင်မျှအသွင်နဲ့တော့
မထားခဲ့ချင်ပါဘူး...ချစ်တဲ့ကုလားတန်ရယ် ။

ဆလိုင်းသား (ခ) ဆလိုင်းမျိုးချစ်
(မတ်လ ၂၇ ၊ ၂၀၁၂)
(ကျောက်တော် မှ ပလက်ဝ သို့ ခရီး)
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
6 July 2012 at 21:31

ဆလိုင်း မျိုးချစ်ရေးတာအရမ်းကောင်းတယ်ဆက်ရေးစေချင်ပါတယ်။

ပလက်သူ

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger