ဦးမန်းထိုက်

Thursday, July 12, 20120 မှတ်ချက်

ငယ်စဉ်ဘ၀။ ။ ဦးမန်းထိုက်အား ၁၉၄၀-ခုအောက်တိုဘာလ (၁၆) ရက် ပလက်ဝမြို့နယ်လောင်းကဒူးကျေးရွာ
(အဘ) ဦးထင်ဘို ( အမိ) ဒေါ်ကလေးတို့မှမွေးဖွားခဲ့သည်။ ၁၉၄၈-ခုနှစ်မှ၁၉၅၀-ပြည့်နှစ်အထိ ပလက်ဝမြို့အထက်တန်းကျောင်းတွင်လည်းကောင်းပညာသင်ကြားခဲ့သည်။ ထိုကျောင်းမှ
၁၉၆၀ခုနှစ်တွင်မက်ထရစ်တန် ( ယခုတက္ကသိုလ်ဝင်တန်း) ကိုအောင်မြင်ခဲ့သည်။

အသက်မွေးမှုလုပ်ငန်း
ဦးမန်းထိုက်သည်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ၁၉၆၄-ခုနှစ်တွင်လက်ထောက်ကျန်း
မာရေးရာထူးဖြင့်သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်ရေကင်း၊ ကျေးလက်ကျန်းမာရေးဌာနတွင်တာဝန်ထမ်းဆောင်
ခဲ့သည်။
၁၉၆၄-ခုမှ၁၉၇၂-ခုအထိမီးကုန်းမြို့နယ်သစ်နဖားကျေးလက်ကျန်းမာရေးဌာနသို့လည်းကောင်း

၁၉၇၃-ခုနှစ်တွင်ပလက်ဝမြို့နယ် ၊ ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင်လည်းကောင်းအဆုတ်ရောဂါဌာန ၊ အဆုတ်
ရောဂါရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်တာဝန်ကိုဆောင်ရွက်ခဲ့သည်။

တက်ရောက်ခဲ့သည့်သင်တန်းများ
ဦးမန်းထိုက်သည်အောက်ပါသင်တန်းများကိုတက်ရောက်ခဲ့သည်။
(၁) အမှတ် ( ၇) လက်ထောက်ကျန်းမာရေးမှုးသင်တန်း ၊ ကျန်းမာရေးမှုးသင်တန်းကျောင်း ၊ ဟယ်လ်
ပင်လမ်း ( ယခုပြည်ထောင်စုရပ်သာလမ်း) ရန်ကုန် ( ၁၉၆၄-ခု)
(၂) နိုင်ငံတော်မူဝါဒသဘောထားရက်တိုသင်တန်း ၊ အောင်ဆန်းမြို့ ၊ ရန်ကုန် ။ ( တော်လှန်ရေးကောင်
စီခေတ်)
(၃) အမှတ်စဉ် ( ၃၀) အခြေခံနိုင်ငံရေး သင်တန်း ၊ ဗဟိုနိုင်ငံရေးတက္ကသိုလ် ၊ မင်္ဂလာဒုံ ( ၁၉၇၄-ခု)

နိုင်ငံရေးဆောင်ရွက်ချက်
(၁) အတွင်းရေးမှုး ၊ တတိယအကြိမ် ပလက်ဝမြို့နယ် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့
( ၁၉၈၀-ခုမှ၁၉၈၄-ခုအထိ)
(၂) ပြည်နယ်ကိုယ်စားလှယ် ( အချိန်ပိုင်း) ပထမအကြိမ်ချင်းပြည်နယ်ပြည်သူ့ကောင်စီ ၊ ဟားခါးမြို့
( ၁၉၇၄-ခုမှ၁၉၇၈-ခုအထိ)

လူမှုရေးဆောင်ရွက်ချက်
(၁) အတွင်းရေးမှုး မြို့နယ်ကြက်ခြေနီအသင်းပြည်သူ့ဆေးရုံ ၊ ပလက်ဝမြို့ ( ၂၀၀၀ပြည့်နှစ်ထိ)
(၂) သင်တန်းနည်းပြအခါအားလျော်စွာဖွင့်လှစ်သည့်လူမှုရေးနှင့်ကျန်းမာရေးပညာပေးသင်တန်း
များပြည်သူ့ဆေးရုံပလက်ဝမြို့။

ယခုအခြေအနေ
ယခုအခါဦးမန်းထိုက်သည် ၂၀၀၀ပြည့်နှစ် အောက်တိုဘာလ ( ၁၆) နေ့တွင်ကျန်းမာရေးမှုး
ရာထူးအဆင့်မြင့်သက်ပြည့်ပင်စင် ( အငြိမ်းစား) ယူခဲ့သည်။
အငြိမ်းစားယူပြီးနောက်ပလက်ဝမြို့ရပ်ကွက်တွင်ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လှစ်ပြီးတဖက်မှာလည်း
မိရိုးဖလာဥယျာဉ်ခြံမြေလုပ်ကိုင်ရင်း( ၉၆) ပါးသောဝေဒနာနှင့်၂၀၀၈ခုတွင်ကွယ်လွန်သွားပါသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger