ပလက်ဝတွင် Non-Formal Education စတင်အကောင်အထည်ဖော်ရန် မြို့နယ်ပညာရေးရုံးသို့ ဒေသခံအဖွဲ့အစည်း CTTF မှ အဆိုပြုလျောက်လွှာ တင်လျက်ရှိ

Thursday, July 12, 20120 မှတ်ချက်


CTTF ၏ Logo ပုံ
ဇူလိုင် 12
Chin Taung Tan Foundation (CTTF) သည် ဒေသပလက်ဝမြို့နယ်အတွင်း ပညာရေး၊ စိုက်ပျိုးရေး၊ စာပေနှင့် အခြားကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိလာစေရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းထားသောဒေသခံ လူမှုအဖွဲ့အစည်း (Local NGO) တစ်ခုဖြစ်ပါသည်။
ယခုအခါတွင် ပလက်ဝမြို့ ကျောင်းပြင်ပပညာရေး (Non-Formal Education) ကိုပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း CTTF မှ Coordinator ဆရာမန်လင်း၏ ယနေ့ ပြောကြားချက်အရသိရှိရပါသည်။
အဆိုပါအစီအစဉ်နဲ့ ပတ်သက် လက်ရှိတွင် ပလက်ဝမြို့၊ မြို့နယ်ပညာရေးရုံးတွင်  လျှောက်ထားလျက် ရှိနေပြီ ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိပါက ပလက်ဝမြို့တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ဆရာမန်လင်း၏ သတင်းပေးချက်အရ သိရှိရပါသည်။

အိုက်ဇက်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger