KMG Logo အကြောင်း

Wednesday, July 18, 20120 မှတ်ချက်


ဖော်ပြပါပုံဟာ KMG Logo ပဲဖြစ်ပါတယ်။ Logo ရဲ့ ရည်ညွန်းတဲ့ အဓိပ္ပာယ်တွေကို ကျွန်တော်နည်းနည်းမိတ် ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ ကိုယ်စားပြုထားတာကို အကြမ်းအားဖြင့် ဖော်ပြ ပေးချင်တာက အလယ်က ဓါးနှစ်လက်ကတော့ ခူမီးဘိုးဘွားတို့ရဲ့ တန်ဖိုးထား၊အမြတ်တနိုးသိမ်းထားလေ့ရှိတဲ့ Akei chareang ပဲဖြစ်ပါတယ်။ ဘိုးဘွားတွေတန်ဖိုးထားတဲ့ အမွေအနှစ်ကို ဆက်လက်ကာကွယ် ထိန်းသိမ်းပေးခြင်းကို ရည်ညွန်းပါတယ်။

 အလယ်က အောက်ချင်းငှက်ကတော့ ဒေသကို ကိုယ်စားပြုထားတာပါ။ ခူမီးလူမျိုးဟာ ချင်းမျိုးနွယ်စု တစ်ခုဖြစ်ခြင်းကိုဖော်ပြတဲ့အောက်ချင်းငှက်ပါ။ အဲဒီအ၀ိုင်းရဲ့ အပြင်က အဖြူရောင်အနားကွက် အ၀ိုင်းလေး
တွေက ဒေသအကျိုးအတွက် အားလုံး အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ခြင်း၊ အဲဒီအ၀ိုင်းရဲ့နောက်က အပြာရောင်ကတော့ ဒေသတွင်း ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ သာယာဝပြောရေး စသည်တို့ကို ရည်ညွန်းပါတယ်။ အစိမ်းရောင်ကတော့ ဒေသတခွင်
အစဉ်အမြဲစိမ်းလန်းစိုပြေခြင်း၊ သဘာဝ
ပတ်ဝန်းကျင်ကို အလှမပြတ်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည်တို့ကို ဖော်ညွန်းပါတယ်။

အနီရောင်ကတော့ ရဲရင့်ပြတ်သားခြင်း၊ အမှန်တရားအားမြတ်နိုးခြင်း၊ ဒေသတွင်း ထိခိုက်လွယ်သူများအရေးအတွက် အမာခံ တံတိုင်းအဖြစ် ရဲဝံ့စွာ ရပ်တည်ဖော်ထုတ်ပေးခြင်း စသည်တို့ကို ရည်ညွန်း ထားခြင်းဖြစ်ပါတယ်။

ကြက်မောက်နဲ့ နည်းနည်းဆင်ရတဲ့အကြောင်းကိုလည်း ပြောပြပေး ချင်ပါတယ်.. ဒါကတော့ Logo ဆွဲတုန်းက ဆရာပီတာရဲ့ အကြံပြုချက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာက (နိုးစက်နာရီခေတ်မစား ခင်တုန်းက) လူတွေဟာ မနက်အိပ်ရာထဖို့၊ နံနက်စောစောထမင်းချက်ဖို့၊ အလုပ် အတွက်ပြင်ဆင်ဖို့ .. ဒါတွေလုပ်ဖို့ ကျွန်တော်တို့ ဘိုးဘေးတွေဟာ အာရုံဦး ကြက်ဖတွေရဲ့တွန်ကြူးသံကို အဓိကအားထားပြီး နေထိုင်ခဲ့ကြရပါတယ်။ ကြက်ဖတွေဟာ မိုးမလင်းခင်း သုံးကြိမ်တိုင်တိုင် တွန်ပေးလေ့ရှိပါတယ်..ဒီတော့ လူတွေက နံနက်ဦးယံ ပထမ ဆုံးတစ်ကြိမ်ကြက်တွန်တုန်းကတော့ တော်တန်ရုံ အိပ်ရာမထသေးဘူး.. မိခင် အမေတို့တ တွေဘဲ ထမင်းချက်ဖို့ထလေ့ရှိပါတယ်.. အေး.. ဒုတိယအကြိမ် ဆက်တွန်တဲ့အခါကျရင် အမျိုးသားတွေကလည်း ထလာပြီး မျက်နှာသစ်၊ ဓါးသွေးနဲ့ အလုပ်အတွက် လိုအပ်တာပြင်ဆင်ဖို့ စတင်လုပ်ဆောင်ပါတယ်.. တတိယအကြိမ် တွန်တဲ့အခါကျရင်တော့ လူတွေအားလုံးဟာ တနေ့တာအတွက် လုပ်စရာရှိတာ လုပ်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ .. ဒီလိုပါဘဲ ဒီနေ့ KMG ဆိုတာ ကလည်း ကျွန်တော်တို့ဒေသအတွက် ရပ်တည်လာတယ်ဆိုတာ ခေတ်ရေစီး အမြင်တွေကိုမြင်လာပြီး လူတိုင်းမှာ လုပ်ဆောင်နိုင်မယ့်ကဏ္ဍတွေ၊ တာဝန်တွေ၊ နည်းလမ်းတွေမြင်သွားအောင်၊ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ့်အားကိုကိုး ရပ်တည်နိုင်တဲ့သူတွေဖြစ်ဖို့အတွက် ယနေ့ KMG ဆိုတာ ပေါ်ပေါက်လာခြင်းဖြစ် ပါတယ်.. တနည်းအားဖြင့် ကျွန်တော်တို့ဒေသခံလူတိုင်းကို အိပ်ရာထဖို့အချိန် တန်ပြီဆိုတာ အချိန်တိုင်းမီးမောင်းထိုး အချက်ပေးသွားဖို့ဖြစ်တယ်.. ရှင်းရှင်း ပြောရရင် KMG ဟာ ခူမီးလူမျိုးနိုးထဖို့အတွက် တွန်သံပေးသွားမည့် မီဒီယာ တစ်ခုဖြစ်ပါတယ်..


အိုက်ဇက်
Logo ရေးဆွဲပေးတဲ့ ကိုအိုက်ဇက်ကို ကျေးဇူး အထူးတင်ပါကြောင်း မှတ်တမ်းတင်လိုပါတယ်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger