ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၈၅သန်း အကူအညီ နှစ်လအတွင်း စတင်မည်

Wednesday, August 01, 20120 မှတ်ချက်



ရန်ကုန် ၊ သြဂုတ် ၁
မြန်မာနိုင်ငံပေါ် ကူညီပေးမည့် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၈၅ သန်း စီမံကိန်းကို လာမည့် အောက်တိုဘာလတွင် စတင် လည်ပတ်တော့မည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုဥက္ကဌ ပယ်မလာကော့စ် က သြဂုတ်လ ၊ ၁ ရက်နေ့က Chatrium Hotel တွင်ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
အဆိုပါ ငွေကြေးများကို ပုဂ္ဂလိက ကဏ္ဍ ၊ ဘဏ္ဍာရေး ကဏ္ဍ ၊ လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍ ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှု အပြင် ပို့ဆောင်ရေး ကဏ္ဍ အစရှိသည်တို့တွင် အသုံးပြုနိုင်စေရန် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
ထိုနည်းတူ အဆိုပါ ငွေကြေး ထောက်ပံ့မှုသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာပေါ် တင်ရှိနေသော အကြွေး ဒေါ်လာသန်း ၄၀၀ ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ပြန်လည် ပေးချေနိုင်ရန်လည်း တစ်ဘက်တစ်လမ်းမှ အကူအညီ ဖြစ်မည်ဟု ယုံကြည်ကြောင်း မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ပြောကြားခဲ့သည်။
"အခုလက်ရှိမှာ ပရော့ဂျက်တွေလည်း စတင် လည်ပတ် နေပါပြီ။မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု တွေပေါ် မူတည်ပြီးတော့ အကူအညီတွေ ဆက်လက် လုပ်ဆောင်သွားပါမယ်" ဟု ကမ္ဘာ့ဘဏ် ဒုက္ကဌ ပယ်မလာကော့စ်က ထပ်လောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့တင်နေသည့် ကြွေးကျန်ဒေါ်လာသန်း ၄၀၀ နီးပါးကို ပြန်လည်ရှင်းပြီးသည့်အခါ အတိုးမဲ့ ချေးငွေများ ကို အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု အဖွဲ့အစည်း (အိုင်ဒီအေ) မှ ရရှိနိုင်မည်ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၅၂ ခုနှစ်တွင် ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး အပြည်ပြည်ဆိုင်ရာဘဏ် (အိုင်ဘီအာရ်ဒီ)  ၏ အသင်းဝင်ဖြစ်လာပြီး ၊ ကြွေးကျန်များ ပြန်လည်မဆပ်သောကြောင့် ၁၉၈၇ ခုနှစ်မှစကာ ဘဏ်က ချေးငွေသစ် ထုတ်ပေးခြင်းကို ခွင့်မပြု ခဲ့ကြောင်း ၊ သို့သော်လည်း ဘဏ်၏ အသင်းဝင် နိုင်ငံ အဖြစ် ဆက်လက် ထားရှိခဲ့သည်။

Ref: The Voice Weekly
(Sent via Seesmic http://www.seesmic.com)

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger