ရေကြောင်းပညာတက္ကသိုလ် ၀င်ခွင့်ရမှတ်တိုးမြှင့်

Wednesday, August 01, 20120 မှတ်ချက်


ရန်ကုန်၊ ဇူလိုင် ၂၄
မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ၀င်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို တိုးမြှင့်ခေါ်ယူမည်ဖြစ်ပြီး ၀င်ခွင့်ကျောင်းသားဦးရေကို လျှော့ချ လိုက်ကြောင်း မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၏ တရားဝင်ထုတ်ပြန် ချက်အရ သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နေ့တွင် ဖွင့်လှစ်မည့်ရေကြောင်းပညာ တက္ကသိုလ် ပထမနှစ်ဝင်ခွင့် လျှောက် ထားမည့်သူသည် တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၅၀ နှင့် အထက်ရရှိရမည်ဖြစ်ပြီး ကျောင်းသား ဦးရေကို ၃၂၀ အထိသာ လက်ခံမည်ဖြစ် ကာ ကျောင်းသူဦးရေကို ၂၀ ရာခိုင်နှုန်း သာလက်ခံမည်ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောင်းသားနှင့်ဆရာအချိုးညီစေ ရန် ကျောင်းသားဦးရေကို လျှော့ခေါ် ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က ၀င်ခွင့်ရမှတ်ကို ၄၀၀ သတ်မှတ်ခဲ့သော် လည်း လျှောက်ထားသူများ၏ အနိမ့် ဆုံးအမှတ်မှာ ၄၅၀ ကျော်ဖြစ်သော ကြောင့် ယခုနှစ်ကို အနိမ့်ဆုံးရမှတ် ၄၅၀ နှင့်အထက်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့ကျောင်းကို နိုင်ငံ တကာအဖွဲ့အစည်းများက လာရောက် စစ်ဆေးခဲ့ပြီး သင်ကြားရေးပြည့်မီရန် အတွက် ဓာတ်ခွဲခန်းလိုအပ်ချက်၊ ကျွမ်းကျင်ဆရာလိုအပ်ချက်များကြောင့်  ၀င်ခွင့်ဦးရေကို လျှော့ချခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဦးချာလီ သန်းက ပြောကြားသည်။
မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တွင် ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်အထိ စုစုပေါင်းကျောင်းသား ဦးရေ ၂၁၂၄ ဦးကို မွေးထုတ်ပေးကာ အထူးပြုဘာသာရပ်ရှစ်ခုဖြင့် သင်ကြား ပေးလျက်ရှိကြောင်း ယင်းတက္ကသိုလ်ထံ မှ စုံစမ်းသိရှိရသည်။

Ref: The Voice Weekly
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger