ရန်ကုန် မြို့ဒူးဆစ်အင်းလျား လိတ်ဟိုတယ် တွင်ကမ္ဘာ့ဘဏ်ရုံးခန်း ယနေ့မွန်းလွဲ ဖွင့်လှစ် သွားရန်ရှိ ကြောင်း ကမ္ဘာ့ဘဏ်တာဝန်ရှိ သူ များက ပြော ကြားသည်။
ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံက ၄င်းတို့ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ပေးဆပ်ခြင်း ရပ်ဆိုင်းပြီး နောက်ပိုင်း မြနမာနိုင်ငံကိုပေး အပ်သည်အစီစဉ်ကို ၁၉၈၇ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ယခင်က ကမ္ဘာ့ဘဏ်အပေါ် ပေးဆပ်ရန် ကျန်ရှိနေသေးသော ကြွေးမြီများကို ပြန်လည်ပေးဆပ်ပြီးပါက ချေးငွေသစ်များကိုလည်း ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ သည်မိနစ်ပိုင်း အတွင်း ချက်ထရီယံဟိုတယ် တွင်ကျင်းပသည် သတင်းစာရှင်းလင်းပွဲတွင်ဒေါ်လာ ၈၅ သန်းနှစ်လအတွင်းပေး အပ်သွား မည်သတင်းထုတ်ပြန် ခဲသည်။
ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပမီလာကော့သည် မြန်မာနိုင်ငံသို့ ဇွန်လတွင် ဘဏ်၏ပုဂ္ဂလိကအခန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအဖွဲ့မှ ကိုယ်စားလှယ်များနှင့်အတူ လာရောက်ရန်ရှိပြီး ဆောင်ရွက်စရာရှိသည်များနှင့် ပတ်သက်၍ အကဲဖြတ်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လအတွင်း ကပြောကြားခဲသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အချို့ကို ဖယ်ရှားဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်ကဲ့သို့သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှ အကူအညီများ၊ ဆက်သွယ်မှုများ ပြန်လည်ရရှိခြင်း ဖြစ်သည်။
Ref: The Voice Weekly


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။