ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်ကို တိုက်ရိုက်ဆက်သွယ် သွားလာနိုင်မည့် မတူပီ-ဆမီး- ပွမီးဝ(သို့မဟုတ်)ပွီဝုန်းလမ်း ဖောက်လုပ်ပေးရန် အဆိုကို လွတ်တော်၌ မနက်ဖြန်တွင် အဆိုပြု တင်သွင်းမည်

Monday, August 20, 20120 မှတ်ချက်


 
သြဂုတ် ၂၀

ချင်းပြည်နယ်သည် မြင့်မားသောတောင်တန်းများနှင့် ၀န်းရံသောပြည်နယ်ဖြစ်သောကြောင့် လမ်းပန်း ဆက်သွယ်ရေးတွင် ဒေသတစ်ခုနှင့်တစ်ခုကြား ကုန်းလမ်းအားဖြင့်သွားလာရန် မလွယ်ကူလှသော နေရာဒေသတစ်ခုဖြစ်ပါသည်။ အခြားပြည်နယ်ဒေသရှိတောင်ပေါ်ဒေသများသည် တောင်တန်းများ ဖြစ်သော်လည်း ကားလမ်းများဖောက်ကာ သွားလာနိုင်ပါသည်။ သို့သော် ချင်းပြည်နယ်ရှိ တောင်တန်းဒေသများတွင် ထိုသို့ မဖောက်လုပ်နိုင်ခဲ့ပါ။

အဆိုပါအကြောင်းနှင့် ပတ်သက် အချို့ ဘူမီဗေဒပညာရှင်များ၏အဆိုအရ ချင်းပြည်နယ်ရှိ တောင်ပေါ်ဒေသမှ ကျောက်သားများသည် အခြားဒေသရှိတောင်ပေါ်မှ သက်ရင့်ကျောက်သား များမဟုတ်ဘဲ သက်နုကျောက်သား များဖြစ်သောကြောင့် ကားလမ်းဖောက်ရန် အခက်အခဲရှိကြောင်း၊ မိုးတွင်းကာလဖြစ်ပါက မြေပြိုမှုများ ခဏခဏဖြစ်နိုင်သောကြောင့် ကားလမ်းဖောက်ရန် မဖြစ်နိုင် ကြောင်း ပြောကြားခဲ့ဖူးပါသည်။

ထိုသို့လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင်း ဒေသခံအချင်းချင်းကြား ဒေသတစ်ခုနှင့် တစ်ခု၊ မြို့တစ်ခုနှင့် အခြားမြို့တစ်ခုကြား ကုန်သွယ်မှုပြုလုပ်ရန်၊ ဆက်သွယ်မှုပြုလုပ်ရန်၊ စီးပွားရေးပေါင်းကူး ဆက်ဆံပြုလုပ်ရန် မဖြစ်နိုင်ခဲ့ပါချေ။ ထို့ကြောင့် ဝေးလံခေါင်ပါးသောနေရာသည် ဆက်လက်ခေါင်ပါး အစစအရာရာ နောက်ကျမြဲ၊ ကျလျက်ရှိခဲ့ရပါသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက် မြို့နယ်အချင်းချင်းကြား၊ ပြည်နယ်တစ်ခုနှင့် တစ်ခုကြား ကား လမ်းဆက်သွယ်မှုပြုလုပ်နိုင်ရန်အတွက် လိုအပ်သော ကားလမ်းကို အကောင်အထည်ဖော်ဖောက် လုပ်နိုင်ရန် အဆိုပြုလွှာကို မနက်ဖြန် လွတ်တော်ကျင်းပနေချိန်တွင် ပလက်ဝမြို့နယ်ကိုယ်စားပြု အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးခွဲယန် မှ အဆိုပြုတင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အဆိုပြုတင်သွင်းချက်နှင့် စပ်လျဉ်း လျှောက်တင်လွှာကို သြဂုတ်လဆန်းပိုင်း တွင် တင်သွင်းခဲ့ပြီဖြစ်ကြောင်း အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးခွဲယန်က ပြောကြားပေးခဲ့ပါသည်။ ၄င်းဆက်သွယ်မှုလမ်းကြောင်းသည် မတူပီမှ ဆမီး၊ ထိုမှတဆင့် မီးဝသို့ဆက်ကာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ထိကို တိုက်ရိုက်ချိတ်ဆက်သွားမည့်လမ်းကြောင်းကြီးဖြစ်ကြောင်း သိရှိရပါသည်။

အဆိုတင်သွင်းခြင်းအပေါ် လွတ်တော်မှ တုန့်ပြန်ဖြေကြားပေးမှုကို မနက်ဖြန်တွင် လွှင့်မည့် MRTV 4 သတင်း အစီအစဉ်တွင်သော်လည်းကောင်း၊ Sky Net မှ လွှင့်မယ့် လိုင်း အစီအစဉ်တွင်လည်းကောင်း တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးခွဲယန်မှ ဆက်လက် ပြောကြားပေးသွားခဲ့ပါသည်။

အိုက်ကျော်

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger