မလေးမှပြန်လာသော ဆရာအောင်ရှိန်းနှင့် KYA အမှုဆောင်များတွေ့ဆုံ

Monday, August 20, 20120 မှတ်ချက်


၂၀၁၂-ခုနှစ်၊ သြဂုတ်လ(၁၁) စနေနေ့တွင် မလေးရှားမှ ပြန်လည်ရောက်ရှိသော ဘုန်းတော်ကြီးအောင်ရှိန်နှင့် PLW-KYA (Khumi Youth Association) ကိုယ်စားလှယ် (၄)ဦးတို့သည်  ပလက်ဝမြို့ ဧဒင် (Tea house)  တွင် တွေ့ဆုံခဲ့ပါသည်။ ဘုန်းတော်ကြီးအောင်ရှိန်က မလေးရှားရောက် PKC- KMG အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်များကို PLW-KYA အား ပြန်လည် ဝေမျှခြင်း၊ သတင်းပေးခြင်း ဖြစ်သည်။ မလေးရှားရောက် PKC အဖွဲ့မှ Paletwa KYA များ၏ လုပ်ငန်း ဆောင်ရွက်မှုများကို စိတ်ပါဝင်စားသည့်အကြောင်း၊ PKC အနေဖြင့် ကူညီနိုင်မည့် ကိစ္စရပ်များကို လူညီပေးရန် အဆင်သင့်ရှိကြောင်းပြောပြပြီး ဘုန်းတော်ကြီးအောင်ရှိန်မှ PLW-KYA ၏ ရံပုံငွေအတွက် ငွေ ကျပ် (၁၀၀၀၀) တစ်သောင်းတိတိကို အလှူငွေထည့်ဝင်ကာ PLW-KYA၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို အကြံပြုပါဝင်ဆွေးနွေးခဲ့ပါသည်။

KYAအမှုဆောင်များမှ KYAူLogo ဖြင့် T shirt  ဒီဇိုင်း ထုတ်ကာ ၄င်း  T shirt  များကို ရောင်းချခြင်းဖြင့် ရန်ပုံငွေရှာရန် အစီအစဉ်ဆွဲခြင်း၊  KYA  အတွက် လိုအပ်လျက်ရှိသော (၁) Web site account တစ်ခု (၂) Lap top  တစ်လုံး (၃) ကင်မရာ (၂) လုံး တို့ကိုလည်းရရှိအောင်ကြိုးစားသွားမည်ဟုသိရသည်။ 

တက်ရောက်ပါဝင်ဆွေးနွေးသော PLW-KYA ကိုယ်စားလှယ်များမှာ ဆရာစတီဗင် ( chairman) မမေရီမြ (အဖွဲ့ဝင်) မဥမာလှမြင့်ဌေး (တွဲ/အတွင်းရေးမှူး) မခင်ကြည်ထွန်း(ဒု- chairman) မလေးရှားမှ ပြန်ရောက်လာသော ဘုန်းတော်ကြီးအောင်ရှိန်တို့ဖြစ်ပါသည်။  ဆွေးနွေးခြင်းကို မွန်းလွဲ ၂း၀၀ တွင်စတင်ကာ ညနေ ၄း၀၀ နာရီတွင်အဆုံးသတ်ခဲ့သည။ အစည်းအဝေးမှတ်တမ်းရေးမှူးများမှာ မဥမာလှမြင့်ဌေး၊ မခင်ကြည်ထွန်း တို့ဖြစ်ပါသည်။

Khu teicha
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger