KMTT project ၏ ရပ်ဆိုင်းထားသော ပလက်ဝဆိပ်ကမ်း ပြန်လည်တည်ဆောက်ရန် Essar project(1) Ltd အဖွဲ့သားများ ရောက်ရှိလာ

Sunday, August 19, 20120 မှတ်ချက်


ပလက်ဝ၊ သြဂုတ်လ ၂၀-------ချင်းပြည်နယ်၊ပလက်ဝမြို့၏ အရှေ့ဘက်ကမ်းတွင် တည်ဆောက်သည့် ကုလားတန်ဘက်စုံစီမံကိန်း၏ ပလက်ဝဆိပ်ခံတံတားတည်ဆောက်ခြင်းကို မေလကုန်မိုးဥပိုင်းကရပ်ဆိုင်းထားခဲ့ရာမှ တကြော့ပြန်လည်တည်ဆောက်ရန် ဆိပ်ခံတံတား ဆောက်လုပ်ရေးအဖွဲ့ (Essar project (1) Ltd) သည် ၂၀၁၂-ခုနှစ်၊ သြဂုတ်လ(၁၉)နေ့ မွန်းလွဲပိုင်း (၃း၁၅)နာရီတွင် ရခိုင်ပြည်နယ်မှ ပြည်သူ့ရဲလုံခြုံရေးအဖွဲ့များနှင့် ငွေကြယ်(၁) ရေယာဉ်ဖြင့်  ရောက်ရှိလာခဲ့သည်။ ၄င်းအဖွဲ့တွင်Indian  လူမျိုး(၈)ဦးပါဝင်ပြီး စကားပြန်ဦးအောင်မြကျော်က ဦးဆောင်လျှက်ရှိသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ဒေသခံ Indian လူမျိုးတစ်ယောက်လည်းပါဝင်သည်ဟုသတင်းရရှိသည်။ ကုလားတန်မြစ်ကြောင်း ရေတိုင်းတာရေးအဖွဲ့၏ ရေယာဉ်သည် မြစ်ကြောင်းတစ်လျှောက် ရေ အတိမ်/အနက် တိုင်းတာခြင်း ပြုလုပ်နေသောကြောင့် ဒေသစံတော်ချိန် ည ၇း၀၀ ကျော်သော်လည်း ပလက်ဝဆိပ်ကမ်းသို့ မရောက်ရှိသေးပေ။

ဦးအောင်မြကျော်ဦးဆောင်သောအဖွဲ
့သည် မိမိတို့ ဌားရမ်းထားသော ပလက်ဝမြို့၊ EPC မီးစက်ရုံ ရှေ့ရှိ ဦးထောင်ဝှေ့၏ အိမ်တွင် နေထိုင်တည်းခိုကြသည်။ လုံခြုံရေးအတွက်မူ ရခိုင်ပြည်နယ်မှ ပါလာသော ပြည်သူ့ရဲ အဖွဲ့မှ လက်နက်ကိုင်အပြည့်ဖြင့် စောင့်ကြည့်လျက်ရှိသည်။

“ဒီမနက် (၈)နာရီအထိတော့ အလုပ်မဆင်းသေးဘူး။ ပွင့်လင်းရာသီမှ လုပ်ငန်းပြန်စဖို့ အခုပြန်ကွင်းဆင်းလေ့လာတာလောက်ပဲ လုပ်တာထင်တယ်” ဟုဒေသခံလူကြီးတစ်ဦးက မှန်းချက်ပေးခဲ့သည်။
Essar project အဖွဲ့  Indian တို့သည် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေ အတိမ်အနက်နှင့် ရေအောက်၏ ခိုင်မာမှုကို တိုင်းတာလျက်ရှိပါသည်။ ဒီနေ့လည်း ဆက်လက်တိုင်းတာမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၄င်းအဖွဲ့သည် ၂၃-၈-၂၀၁၂ နေ့တွင် ပလက်ဝမှ စစ်တွေသို့ ပြန်မည်ဖြစ်ပြီး၊ လုံခြုံရေးအတွက် ပလက်ဝ၊ ရဲစခန်းမှ တာဝန်ယူပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ၄င်းတို့၏ စီမံကိန်းကို  ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ 

Khu Teicha (Palangvum)

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger