ကြွေသောင်ကျေးရွာမှ ကလေးတစ်ဦး ရန်ကုန်ကလေးဆေးရုံတွင် ယနေ့မနက်သေဆုံး

Sunday, August 19, 20120 မှတ်ချက်


သြဂုတ် ၂၀
ရန်ကုန်မြို့

ပလက်ဝမြို့နယ်၊ ကြွေသောင်ကျေးရွာမှ အဘ ဦးဟွေ့ဝိုက်နှင့် ဒေါ်ဟွေ့ဖျင် (Hawi Prang) တို့၏ ချစ်လှစွာသော သားလေး မောင်ထောင်စိုးမင်း သည် အသည်းရောင်ခြင်း၊ ရင်ကြပ်ဖြစ်ခြင်း နှင့် အခြားသော ရောဂါများကြောင့် ခွဲစိတ်ကုသရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး ရန်ကုန်မြို့ ကလေးဆေးရုံတွင် မကြာမီက တက်ရောက်ခဲ့ပါသည်။

သို့ရာတွင် ခွဲစိတ်ကုသမှုမပြုလုပ်မီအချိန်အေ
တာအတွင်း ဦးနှောက်ထဲသို့ သွေးဝင်နေသောကြောင့် ယနေ့မနက် ၆ နာရီ ကျော်ကျော်ခန့်အချိန်တွင် ရန်ကုန်မြို့ ကလေးဆေးရုံ၌ ဆုံးပါးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါအကြောင်းအား ဆက်လက်မေးမြန်းရာ "ကလေးက ဒီနေ့မနက် ခြောက်နာရီခွဲ၊ ကျော်ကျော် ခန့်မှာ ဆုံးပါးသွားပါတယ်။ အခုတော့ ဆေးရုံမှာဘဲရှိသေးတယ်။ သင်္ဂြိုလ်ဖို့က အခုလောလော ဆယ်မှာတော့ ဘာမှမစီစဉ်နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းတော်ကြီးဆရာတော်တွေ နဲ့ အဆက်အသွယ်မရနိုင်သေးလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ စဉ်းစားထားတာက ARTC မှာ ရွေ့ပြီး မနက်ဖြန်လောက် မှာတော့ သင်္ဂြိုလ်ဖြစ်မယ် " ဟု ဆရာဦးစိုးသိန်းမှ ဖြေကြားပေးသွားခဲ့ပါသည်။

နောက်ဆုံးသတင်းအရ နက်ဖြန် ၁၀နာရီတွင် ကျွန်းတောလမ်းရှိ အင်္ဂလီကန်သာသနာဝင်းထဲတွင် ဈာပန၀တ်ပြုအစည်းအဝေးကိုပြုလုပ်မှာဖြစ်ပြီး အဲဒီနောက် ရေဝေးသုသာန်တွင် ဂူသွင်းသဂြိင်္ုလ်မည်ဖြစ်သည်။

အိုက်ဇက်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger