ဦးကန်အောင်

Friday, August 17, 20120 မှတ်ချက်

ငယ်စဉ်ဘ၀ ။ ။ ဦးကန်အောင်အား ၁၉၂၈ ခုနှစ်တွင်ပလက်ဝမြို့နယ်အဒေါင်ဝကျေးရွာ၌( အဘ)
ဦးတောင်ဆိုက် (အမိ) ဒေါ်ထိပ်တန်းတို့မှမွေးဖွားခဲ့သည်။ ဦးကန်အောင်သည် ၁၉၃၈
ခုနှစ် ၊ ဒလက်မေရွာ ၊ မူလတန်းကျောင်းမှစတုတ္တတန်းအောင်မြင်ခဲ့သည်။
အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်
အောက်ပါအသက်မွေးဝမ်းကျောင်းအလုပ်ကိုလုပ်ကိုင်ခဲ့သည်။
(၁) လူထုပညာရေးမှူး ၊ ဘ၀ဖန်တီးရေးစီမံကိန်း ( ၁၉၅၅ခု)
(၂) စားရေးဝန်ထမ်း ၊ မြို့နယ်ပြန်ကြားရေးဌာန ၊ ပလက်ဝမြို့ ( ၁၉၅၇-ခု )
(၃) အတွင်းရေးမှူး၊ အတွင်းဝန်ချင်းရေးရာဝန်ကြီးဌာန ၊ ရန်ကုန်မြို့ ( ၁၉၆၀-ခုမှ၁၉၆၂-ခု)
အထိ။
နိုင်ငံရေးနှင့်အမျိုးသားရေးဆောင်ရွက်ချက်များ
နိုင်ငံရေးနှင့်အမျိုးသားရေးဆောင်ရွက်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ဥက္ကဌ ၊ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ ၊ ပလက်ဝမြို့နယ် ( ၁၉၅၅-ခုမှ
၁၉၅၇-ခုအထိ)
(၂) ဥက္ကဌ ၊ မြို့နယ်သန့်ရှင်းဖဆပလအဖွဲ့၊ ပလက်ဝမြို့နယ် (၁၉၅၈-ခု)
(၃) ဒု-ဥက္ကဌ ၊ မြို့နယ်တောင်သူလယ်သမားကောင်စီ ၊ ပလက်ဝမြို့နယ် (၁၉၆၇-ခုမှ
၁၉၇၄-ခုအထိ)
(၄) အဖွဲ့ဝင်မြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်မှူကောင်စီ၊ ပလက်ဝမြို့နယ် ( ၁၉၇၂-ခုမှ၁၉၇၄-ခု
အထိ)

(၅) အဖွဲ့ဝင် ၊ ပထမအကြိမ်မြို့နယ်ပြည်သူ့ကောင်စီ ၊ အလုပ်အမှူဆောင်အဖွဲ့၊ပလက်ဝမြို့နယ်
( ၁၉၇၄-ခုမှ၁၉၇၈-ခုအထိ)
(၆) ဥက္ကဌဒုတိယအကြိမ်မြို့နယ်ပြည်သူ့ကောင်စီ ၊ အလုပ်အမှုဆောင်အဖွဲ့
(၇) ဥက္ကဌ ၊ မြို့နယ်တောင်သူလယ်သမားအစည်းအရုံး ၊ ပလက်ဝမြို့နယ် ( ၁၉၈၂-ခု)

တက်ရောက်ခဲ့သည့်သင်တန်းများ
ဦးကန်အောင်သည်အောက်ပါသင်တန်းများကိုတက်ရောက်ခဲ့ပါသည်။
(၁) ရက္ကန်းပညာတစ်နှစ်သင်တန်း ၊ အမရပူရဆောင်ဒါးရက္ကန်းကျောင်း ( ၁၉၅၀-ခု)
(၂) လူထုပညာရေးမှူးသင်တန်းအမှတ်စဉ် ( ၄) အိမ်တွင်းမှူပညာဌာန၊ ချော်တွင်းကုန်း
ရန်ကုန် ( ၁၉၅၂-ခု)
( ၃) တောင်သူလယ်သမားရေးရာသင်တန်း ၊ အမှတ်စဉ်(၁) ဗဟိုနိုင်ငံရေးသိပံကျောင်း
မင်္ဂလာဒုံ ( ၁၉၇၁-ခု)

ယခုအခြေအနေ
ဦးကန်အောင်သည်ယခုအခါအစိုးရပင်စင်လစာ (၆၀၀ ) နှုန်းဖြင့်ပလက်ဝမြို့ ၊ မြို့မရပ်ကွက်တွင်
ကွယ်လွန်သွားပါသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger